မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှစ် ၂၀ စီမံကိန်း မိတ်ဆက်


10 October, 2018

နှစ်ပေါင်း ၂၀ စာအတွက်ကြိုတင် ရေးဆွဲထားaom မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာ ၈ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း
***************************
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းသည် ၂၀၁၆-၁၇ မှ ၂၀၃၅-၃၆ ခုနှစ်ထိ နှစ် ၂၀ စီမံကိန်းဖြစ်ပြီး ကာလတို ၅ နှစ်ကို လက်ရှိအစိုးရကာလ (၂၀၁၆-၁၇ ကနေ ၂၀၂၀-၂၁ ထိ)၊ ကာလလတ် ၅ နှစ်ကို (၂၀၂၁-၂၂ ကနေ ၂၀၂၅-၂၆ ထိ)နှင့် ကာလရှည် ၁၀ နှစ်ကို (၂၀၂၆-၂၇ ကနေ ၂၀၃၅-၃၆) ထိ သုံးပိုင်းခွဲထားပါသည်။

လျာထားချက်
********
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “စီမံကိန်းစတဲ့ကာလပေါ့ တစ်လ တစ်လ ပျှမ်းမျှ သန်း ၅၀၀ လောက် ဝင်ပါတယ်။ ဒါမနှစ်ကပေါ့။ မနှစ်က ၂၀၁၇-၁၈ အခြေအနေခြုံလိုက်ရင် တနှစ်ကို အနည်းဆုံး သန်း ၅၀၀ လောက်ဝင်တယ်။ ဒီနှစ်က ပြီးခဲ့တဲ့ ကာလတို ၆ လ ဘက်ဂျက်အတွင်းမှာတော့ တလကို ပျှမ်းမျှ သန်း ၃၅၀ လောက် ဝင်ပါတယ်။ ဒီ ၆ လအတွင်း နည်းနည်းတော့ လျော့သွားတယ်ပေါ့။ လျော့ပေမယ့်လည်း လာမယ့် ၅ ဒသမ ၈ ဘီလီယံကိုတော့ လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ပေါ့ ပြီးခဲ့တဲ့

အောက်တိုဘာ ၁ ရက်နေ့ကစတယ် စက်တင်ဘာ ၃၀ မှာ ပြီးပါမယ်၊ အဲအတွင်း မှာ ၅ ဒသမ ၈ ဘီလီယံ လျာထားတယ် ဒါကတော့ ပြည့်သွားမယ်လို့ တွက်ချက်ထားပါတယ်” ဟု ဆိုပါသည်။

ရည်ရွယ်ထား
*********
ထိုစီမံကိန်းမှ လက်ရှိအစိုးရကာလ ကာလတိုအတွင်း တနှစ်ကို ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်ထိ နှစ်စဉ် ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ) ရအောင် လုပ်ရန် ရည်ရွယ်ထားသည်ဟု ဆိုပါသည်။

ခန့်မှန်းထား
*******
၂၀၂၁-၂၂ မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဒ သမ ၅ ဘီလီယံ၊ ၂၀၂၆-၂၇ မှ ၂၀၃၀-၃၁ ဘဏ္ဍာနှစ်ထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံနှင့် ၂၀၃၁-၂၀၃၂ မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်ထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ အသီးသီးရရန် ခန့်မှန်းထားပါသည်။

ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်
**************************
ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၅ ရပ်ထဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်သော မူဝါဒများနှင့် စည်းမျဉ်းများနှင့်ပတ်သက်သော လုပ်ငန်းစဉ်၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဖွဲ့အစည်း တည်ထောင်ခြင်း လုပ်ငန်းစဉ်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်၊ စီးပွားရေးနှင့်ဆက်စပ်သော အထောက်အကူဆိုင်ရာ လုပ်ငန်းစဉ်၊ ပြည်တွင်း စက်မှုလုပ်ငန်းတွေယှဉ်ပြိုင်နိုင်စွမ်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းစဉ်တို့ ပါဝင်ပါသည်။

စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ် ၅ ရပ်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီနှင့် လုပ်ငန်းကော်မတီ ၅ ဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်သွားရန်လည်း ရှိနေပါသည်။

DVB

Events & Exhibition Investment/Divestment Read 473 times