မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်မည့် အိန္ဒိယကုန်စည်ပြပွဲ


14 December, 2018

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် (၅)ကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်တို့ ရန်ကုန်မြို့ Lotte Hotel ၌ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

(၅)ကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲကြီးကို (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည် ဖြစ်ပြီး ပြခန်းပေါင်း(၇၀)ကျော်၊ အိန္ဒိယကုမ္ပဏီ(၅၀)ကျော်တို့က များစွာသော အခွင့်အလမ်းတွေ ယူဆောင် လာခဲ့ကြတာ ဖြစ်ပါတယ်။

လယ်ယာသုံးစက်ပစ္စည်းနှင့် ဘက်ထရီများ၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ဝန်ဆောင်မှု၊ ပါဝါစွမ်းအင်၊ ဆေးနှင့် ဆေးကိရိယာပစ္စည်းများ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးသုံးပစ္စည်းများ၊ လောင်စာများ၊ Telecom လုပ်ငန်းများ၊ မော်တော်ယာဉ်များနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ကြွေထည်နှင့် ကျောက်ပြားပစ္စည်းများ စသည်တို့ပါဝင်ပါတယ်။

မြန်မာ့SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိင်ရန်နှင့် ကိုယ်ပိုင် လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်သည့် ကုန်စည်ပြပွဲကြီးဖြစ်ပါတယ်။

ထို့နောက် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်သော ဦးဇော်မင်းဝင်းနှင့် အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံ Confederation of Indian Industry ဥက္ကဋ္ဌ Mr.Shreekant Somany နှင့် အိန္ဒိယကိုယ်စားလှယ်များအား Invest Myanmar Summit 2019 ပွဲကျင်းပမည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

Events & Exhibition Read 636 times