မြန်မာ့ထွက်ကုန် အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


25 August, 2020

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ ကြီးမှူးကျင်းပသော Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး CAEXPO Secretariat မှ အတွင်းရေးမှူးချုပ် Mr. Wang Lei မှ Video Conferencing ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

အဆိုပါအွန်လိုင်းကုန်စည်ပြပွဲအား ဩဂုတ်လ ၂၄ မှ ၃၀ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး www.myanmarexpopark.com တွင် အခမဲ့ Register ပြုလုပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီး မြန်မာ့လယ်ယာထွက်ကုန်နှင့်စားသောက်ကုန်များကို Visual Online Exhibition အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ပြသလျက်ရှိကြောင်းသိရသည်။

ယင်းကုန်စည်ပြပွဲတွင် ဆန်၊ ပဲအမျိုးမျိုး၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေထွက်ကုန်များ၊ အစားအစာနှင့်အဖျော်ယမကာများ၊ အလှကုန်ပစ္စည်းများ၊ သဘာဝအထည်များ ပြသလျက်ရှိပြီး မြန်မာနိုင်ငံအပြင် တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှလည်း ဝင်ရောက်ပြသလျက်ရှိကြောင်းသိရသည်။

ကုန်သည်စက်မှုအသင်းချုပ်

Export, Import Events & Exhibition Read 836 times