ချုံချင်းမြို့တွင် ကျင်းပမည့် Myanmar Event Park အခမ်းအနားသို့ မြန်မာ့ထွက်ကုန်နမူနာများ ပေးပို့နိုင်


22 January, 2021

Myanmar Event Park အခမ်းအနားကို မြန်မာနိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့်ပြည်သူအချင်းချင်းကူးလူး ဖလှယ်မှုများ ပိုမိုတိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နှင့်အခွင့်အလမ်းများ ရရှိနိုင်စေရန်တို့ကိုရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်းမြို့၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (သို့မဟုတ်) ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။ 

Myanmar Event Park အခမ်းအနား ကျင်းပပြုလုပ်နေစဉ်အတွင်း မြန်မာနိုင်ငံမှထွက်ရှိသည့်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံ၏ဈေးကွက်သို့ မိတ်ဆက်နိုင်ရန်နှင့်နှစ်နိုင်ငံအကြား ကုန်သွယ် မှုတိုးမြင့်လာစေရန် ရည်ရွယ်၍ မြန်မာ့ထုတ်ကုန်ပစ္စည်းများအား ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါခင်းကျင်းပြသမည့်အစီအစဉ်တွင် မြန်မာနိုင်ငံမှ ထုတ်လုပ်ထွက်ရှိသည့် ကုန်ပစ္စည်းများ၊ တရုတ်နိုင်ငံသို့ လက်ရှိတင်ပို့လျက်ရှိသည့် ထုတ်ကုန်များ၊ တိုးချဲ့တင်ပို့ရန် အလားအလာရှိ သည့် အမယ်သစ်ထုတ်ကုန်များနှင့်ပတ်သက်သည့် အချက်အလက်များ၊ နမူနာ(sample)ပစ္စည်းများအား တရုတ်နိုင်ငံရှိ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ ကြည့်ရှု့လေ့လာနိုင်ရန် ပြသခြင်း၊ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားနိုင်ရန်အတွက် မြန်မာနိုင်ငံမှ (ထန်းလျက်အမျိုးမျိုး၊ မြေပဲယို၊ မြေပဲလိပ်၊ နှမ်းပျစ်၊ ဇီးယို၊ ဇီးသီးနှင့် ပြုလုပ်ထားသည့်

သွားရည်စာများ၊ ယိုအမျိုးမျိုး၊ ဘီစကစ်အမျိုးမျိုး၊ မန်ကျည်း တော်ဖီ၊ မန်ကျည်းသီးနှင့် ပြုလုပ်ထားသည့် အစားအစာများ၊ ကြာရှည်ခံကောင်းစွာ ထုတ်ပိုးထားသည့် မြန်မာ့ရိုးရာ အစားအစာများစသည့်)၊ သောက်သုံး ဖွယ်ရာများ (ကော်ဖီစေ့၊ ကော်ဖီမှုန့်အမျိုးမျိုး၊ အသင့်ဖျော်လက်ဖက်ရည်ထုပ်၊ အသင့်ဖျော်ကော်ဖီထုပ်၊ လက်ဖက်ခြောက်အမျိုးမျိုး၊ အဆင့်မီပုလင်း၊ ဗူးတို့ဖြင့်ထည့်သွင်းထားသည့် မန်ကျည်း၊ သရက်နှင့် ဇီးဖျော်ရည် အမျိုးမျိုးစသည်---)၊ ဖျော်ရည် ယမကာများ (ရမ်၊ ဝီစကီ၊ ဝိုင်၊ ဘီယာစသည်---)၊

ဟင်းခတ်အမွှေးအကြိုင်များ(ငြုပ်ကောင်း၊နနွင်းမှုန့်၊ ဖာလာ၊ ကရဝေးစသည်) တို့နှင့် ပတ်သက်သည့် အချက်အလက်များ၊ နမူနာ(sample)ပစ္စည်းများအား တရုတ်နိုင်ငံရှိ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် ကြည့်ရှု့လေ့လာနိုင်ရန်ပြသခြင်း၊ ဖြန့်ဝေခြင်းတို့ ဆောင်ရွက် သွားနိုင်ရေးအတွက် မြန်မာနိုင်ငံမှထုတ်လုပ်ထွက်ရှိသည့် ကုန်ပစ္စည်းများနှင့်သက်ဆိုင်သည့် အချက်အလက်များ၊ နမူနာ(sample)ပစ္စည်းများ၊ မြန်မာနိုင်ငံမှတိုးမြှင့်တင်ပို့သည့် ကုန်စည်အ မယ်များ၏ နမူနာ(sample)ပစ္စည်းများ၏

Profile, Photo, Video များကို Soft Copy ဖြင့် ဒေါ်ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ ပေကျင်းမြို့၊ E-mail: [email protected] သို့ တိုက်ရိုက်ဖြစ်စေ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(ရုံးချုပ်)၊နေပြည်တော်နှင့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(MITC) ရန်ကုန်မြို့ မှဖြစ်စေ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

myantrade

Global News Events & Exhibition Read 704 times