မြန်မာ့စီးပွားကဏ္ဍဖွံ့ဖြိုးစေဖို့ ရည်ရွယ်ပြီးလုပ်တဲ့ Myanmar Commerce Fair 2018


21 November, 2018

မြန်မာ့ကုန်သွယ်စီးပွားပွဲတော် (၂၀၁၈) ကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ကျရင် Inya Lake ဟိုတယ်၊ Yangon Convention Center မှာ ကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ အဓိကအားဖြင့် စီးပွားရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများတွေကို သက်ဆိုင်ရာ အစိုးရဌာနက လူကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ပြည်သူပြည်သားအားလုံးနှင့် သက်ဆိုင်သော နိုင်ငံတော်၏ ဘဏ္ဍာငွေနှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ၊ မြန်မာ့ Trade Policy နှင့် ပတ်သက်ပြီး သိကောင်းဖွယ်ရာများ၊ Tax System နှင့် ပတ်သက်ပြီး သိကောင်းဖွယ်ရာများ၊ ပိုမိုကောင်းမွန်သော Banking Sector သို့ ပြုပြင်ပြောင်းလဲမှု၊ အာမခံလုပ်ငန်းတို့၏ အခန်းကဏ္ဍ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စတာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အခြေအနေနဲ့ အနာဂတ်အတွက် မျှော်မှန်းချက်များ အပါအဝင် အခြား စိတ်ဝင်စားဖွယ် အကြောင်းအရာပေါင်း များစွာကိုလည်း ဆွေးနွေးမှာ ဖြစ်တာကြောင့် သွားရောက် နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Events & Exhibition Read 526 times