မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်အကြမ်းထည်ဈေးကွက်


05 February, 2021

လက်ရှိတွင် အမျိုးအစားသုံးမျိုးကိုသာပြုလုပ်၍ အကြမ်းထည်ဈေးကွက်သို့ရောင်းချနေကြောင်းသိရသည်။

ယခင်ကဈေးကွက်တွင် ရုပ်သေးရုပ်အမျိုးအစား ၁၅ မျိုးခန့်ပြုလုပ်ရောင်းချခဲ့သော်လည်း ယခုအချိန်တွင်ထိုက်သင့်သည့် ဈေးနှုန်းမရရှိခြင်း၊ ကုန်ကြမ်းသစ်သားလိုသလောက်မရရှိခြင်းနှင့် ကုန်ကြမ်းဈေးနှုန်းမြင့်မားလာခြင်းကြောင့်လူရုပ်၊ မြင်းရုပ်နှင့် ဆင်ရုပ်တို့ကိုသာအများဆုံးပြုလုပ်ရောင်းချရေခြင်းဖြစ်ကြောင်းသိရသည်။

ရုပ်သေးရုပ်များသည် ပရိဘောဂဆိုင်များမှ သစ်သားအတိုအစများဖြင့် ဖန်တီးထားသောအနုပညာတစ်ခုဖြစ်ပြီး လိုအပ်သည့်အစိတ်အပိုင်းများကို ထုဆစ်ပုံဖော်အကြမ်းထည်ပြုလုပ်ခြင်းဖြစ်ကာ ပုံကြမ်းထွက်လာပါက ကြိုးတွဲရန်အရုပ်တွင် အပေါက်ငယ်ကလေးများဖောက်၍ ရရှိသောကြိုးဖြင့် သီထားသည့်အကြမ်းရုပ်များကိုဈေးကွက်သို့ တင်ပို့ဖြစ်ကြောင်းဖြစ်ကြောင်းသိရသည်။

ကြိုးဆွဲရုပ်သေးရုပ် အသေးအကြီးမျိုးစုံ၊ ဆင်၊ မြင်း၊ ကြက်တူရွေး၊ ကျား၊ မိကျောင်း၊ ဇီးကွက်စသည့် အရုပ်များပြုလုပ်ခြင်းလုပ်ငန်းသည် အနုပညာမြောက်သည့်ပညာရပ်တစ်ခုဖြစ်သော်လည်း မျိုးဆက်သစ်လူငယ်များစိတ်ပါဝင်စားမှု နည်းပါးကြောင်း၊ လိုအပ်သည့်ဈေးကွက်နှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် ကူညီမှုတို့ကိုမျှော်လင့်နေကြောင်း၊ အလုပ်သမားရှားပါးမှုပြသနာများလည်း ကြုံတွေ့နေရကြောင်းသိရသည်။

Source:Myanmaralin

How To Read 2769 times