နိုင်ငံတကာလျှပ်စစ်နှင့်စွမ်းအင်၊ရေနှင့်ရေသန့်စင်ရေးသုံး ထုတ်ကုန်များဆိုင်ရာ စက်မှုကုန်စည်ပြပွဲကြီး


29 November, 2018

နိုင်ငံတကာလျှပ်စစ်နှင့်စွမ်းအင်၊ရေနှင့်ရေသန့်စင်ရေးသုံး နောက်ဆုံးပေါ်နည်းပညာများ၊ထုတ်ကုန်များဆိုင်ရာ စက်မှုကုန်စည်ပြပွဲကြီးမြန်မာ့အကြီးဆုံး လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ၊ရေနှင့်ရေဆိုးသန့်စင်ရေးဆိုင်ရာ နိုင်ငံတကာစက်မှုကုန်စည်ပြပွဲကြီးကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့ အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MEP တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဤပြပွဲကြီးတွင်နောက်ဆုံးပေါ် စက်မှုနည်းပညာများ နှင့် ထုတ်ကုန်ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများစွာ ကိုယင်းပြပွဲများတွင် ပြသထားလျက်ရှိပါတယ်။

ယခင်နှစ်များနှင့်မတူဘဲ ပိုမိုတိုးတက်ကောင်းမွန်လာသော ဤပြပွဲကြီးတွင် တရုတ် မလေးရှား၊အိန္ဒိယ၊စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ် အစရှိသည့် နိုင်ငံပေါင်း(၁၈)နိုင်ငံ ကုမ္ပဏီပေါင်း(၂၅၀)ကျော်မှ စက်ပစ္စည်း အမျိုးအစားပေါင်းများစွာကို ဝင်ရောက် ၂ ပြသသွားမည် ဖြစ်ပါသဖြင့် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် နောက်ဆုံးပေါ် ခေတ်မှီစက်ကိရိယာများ အဆင့်မြင့်နည်းပညာအခွင့်အလမ်းကောင်းများစွာကို တစ်စုတစ်စည်းထဲ တွေ့မြင်နိုင်မှာလဲ ဖြစ်ပါတယ်။

MYANENERGY 2018 နှင့် MYANWATER 2018 ပြပွဲများတွင် COMMAX,SAFEGUARD,CPT cirprotec,Schneider electric,powerware,secure energy together,everexceed ထိုပြပွဲများတွင် ပါဝင်ပြသထားခဲ့ကြောင်း သိရပါတယ်။

Events & Exhibition Read 466 times