မြိုင်ဟေဝန်ကွန်ဒိုဂျန်းရှင်း (၈) တိုက်ခန်း ကျပ် ၁၈၈ သန်းကျော်ဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်


02 December, 2022

မြိုင်ဟေဝန်ကွန်ဒိုဂျန်းရှင်း (၈) တိုက်ခန်း ကျပ် ၁၈၈ သန်းကျော်ဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


မြိုင်ဟေဝန်ကွန်ဒိုဂျန်းရှင်း (၈) တိုက်ခန်း ကျပ် ၁၈၈ သန်းကျော်ဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်ကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)ကို ဖော်ပြအပ်ပါသည်။



ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း မြိုင်ဟေဝန်ကွန်ဒိုဂျန်းရှင်း (၈)၊ ဘီတာဝါ ပဉ္စမထပ်အခန်းအမှတ် (၅၀၈) တိုက်ခန်း (၁) ခန်းကိုလွှဲပြောင်းရောင်းချခြင်း

၁။ ၈-၉-၂၀၂၂ ရက်နေ့နှင့် ၉-၉-၂၀၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ (၁၂) ကြိမ်မြောက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မြိုင်ဟေဝန်ကွန်ဒို၊ ဂျန်းရှင်း (၈)၊ ဘီတာဝါ ပဉ္စမထပ်၊ အခန်းအမှတ် (၅၀၈) တိုက်ခန်း (၁) ခန်းကို အမြင့်ဆုံးဈေးနှုန်း ကျပ် ၁၈၈.၈၈၈ သန်းဖြင့် အဆိုပြုသူ ဦးရန်ရဲစိမ်းသို့ ဝယ်ယူခွင့်ပြုခဲ့ပါသည်။

၂။ ဦးရန်ရဲစိမ်းသည် အဆိုပါ တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ငွေကျပ် ၁၈၈.၈၈၈ သန်းကို ၂၀-၁၀-၂၀၂၂ ရက်နေ့တွင် အကျေပေးသွင်းပြီးဖြစ်ပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးရန်ရဲစိမ်းသို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး စာချုပ်စာတမ်းမှတ်ပုံတင်၍ လွှဲပြောင်း ပေးရန်ဖြစ်ပါသည်။

၃။ ဦးရန်ရဲစိမ်းအနေဖြင့် နိုင်ငံတော်ပိုင် တိုက်ခန်းကို ဝယ်ယူရာတွင် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တို့ ထမ်းဆောင်၍ စာချုပ် ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ပြီးမှသာလျှင် လွှဲပြောင်းရရှိမည်ဖြစ်ပါသည်။

၄။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မြိုင်ဟေဝန်ကွန်ဒို၊ ဂျန်းရှင်း (၈)၊ ဘီတာဝါ ပဉ္စမထပ်အခန်းအမှတ် (၅၀၈) တိုက်ခန်း (၁) ခန်းကို ဝယ်ယူသူ ဦးရန်ရဲစိမ်း၏အမည်ပေါက် ဆောင်ရွက်ပေးရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးရန် ဖြစ်ပါသည်။

၅။ ပြည်ထဲရေးဝန်ကြီးဌာနသည် လွှဲပြောင်းရောင်းချပြီးစီးကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးသို့ အစီရင်ခံတင်ပြရန်ဖြစ်ပါသည်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Local News Read 369 times