Musoni နှင့် Thitsa Works တို့ ပူးပေါင်း၍ အသေးးစားချေးငွေလုပ်ငန်းဆိုင်ရာ ဆော့ဝဲမိတ်ဆက်


01 February, 2018

အသေးစားငွေကြေးလုပ်ငန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ရာ ၂၀၁၇ ဒီဇင်ဘာလအထိ လိုင်စင်ရ အသေးစားငွေကြေးလုပ်ငန်း ၁၃၇ ခု ရှိနေပြီ။  ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်မှာ အသေးစားချေးငွေ လုပ်ကိုင်တဲ့ ငွေကြေးလုပ်ငန်းတွေက အသေးစားစီးပွားရေး လုပ်ငန်းရှင် ၃ သန်းဝန်းကျင်ကို ချေးငွေ ထုတ်ပေးထားကြပါတယ်။

စီးပွားရှာလုပ်ငန်း အစပျိုးဖို့၊ လက်ရှိလုပ်ကိုင်ဆဲလုပ်ငန်းကို တိုးချဲ့ဖို့အတွက် အသေးစားချေးငွေ ရယူခဲ့ကြတယ်။ အဲဒီလို လုပ်ငန်းလုပ်ဖို့ ချေးယူကြသူမှာ အများစုဟာ အမျိုးသမီးများ ဖြစ်ပြီး မြို့ပြမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

အသေးစားချေးငွေလုပ်ကိုင်တဲ့ ငွေကြေးလုပ်ငန်းတွေဟာ လူဦးရေ သိပ်သည်းတဲ့ မြို့တွေကို အဓိကအခြေစိုက်ထားကြတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ဖြန့်ကျက်ထားပုံကို ကြည့်ရင် ၃၀% ၀န်းကျင်က မြို့ပြမှာ နေထိုင်ကြပြီး ကျန်တဲ့ ရ၀% က ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာမှာ နေရာအတော်များများက ဘဏ်တစ်ခု ဖွင့်လောက်အောင် လူဦးရေ မများပြားတဲ့အပြင် ခရီးလမ်းပန်း မသာကြဘူး။

အဲဒီလို ဝေးခံခေါင်သီတဲ့ နေရာတွေမှာ နေထိုင်နေကြသူတွေအတွက် လက်လှမ်းမီဖို့က Finthech ကို သုံးကြရတယ်။ Finthech ဆိုတာဘာလဲ။ ကွန်ပျူတာ(စမတ်ဖုန်းလည်း အကျုံးဝင်တယ်။

စမတ်ဖုန်း၊ တက်ဘလက်တွေဟာ တကယ်တော့ လက်ကိုင်ကွန်ပျူတာတွေပါပဲ)နဲ့ နည်းပညာတွဲဘက်ပြီး ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှု ပြုတာကို ဆိုလိုပါတယ်။

Fintech က ငွေကြေးကဏ္ဍမှာသာမက အခြားစီးပွားရှာလုပ်ငန်းတွေကိုပါ ငွေရှာပုံကို ပြောင်းလဲပေးလိမ့်မယ်။ ငွေချေခြင်း၊ အာမခံထားခြင်း၊ ငွေချေးခြင်း၊ လူအများတို့ ငွေထည့်ဝင်ခြင်း၊ ကုန်သွယ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း စတာတွေမှာ ပုံစံပြောင်းသွားမယ်။

လုပ်ကိုင်နေတာ ကျေးလက်မှာ ဖြစ်ပေမယ့် မြို့နဲ့ အချိတ်အဆက် ပုံမှန်ရှိနေမယ်။ မြို့တွေအကြားမှာလည်း အချိတ်အဆက် ရှိနေမယ်။ အကုန်လုံး ချိတ်ဆက်ထားမယ်။ အဲဒီအချိတ်အဆက်ကို ချိတ်ဆက်ထားတဲ့သူတွေ အကုန်လုံးက သုံးနိုင်မယ့် ဘုံသုံးစွဲတဲ့ပုံစံ တစ်ခု ဖြစ်တည်နေမယ်။

အဲဒါကို ဘလောက်ချိန်း blockchain လို့ ပြောဆိုသုံးနှုန်းကြတယ်။ ဘလောက်ချိန်းနည်းပညာဟာ မြန်မာပြည်မှာ အခြေတည်လိမ့်မယ်။

ဒစ်ဂျစ်တယ်လယ်ဂျာတွေ ရှိလာမယ်။ လယ်ဂျာစာရင်းမှာ ငွေသွင်းတာ ငွေထုတ်တာတွေကို ဒစ်ဂျစ်တယ်နဲ့ လုပ်ကြမယ်။

ငွေကြေးလုပ်ငန်းတွေဟာ စုဆောင်းငွေကို လက်ခံသိမ်းဆည်းပြီး အတိုးပေးရတဲ့အတွက် အဲဒီငွေတွေကို ထုတ်ချေးပြီး အတိုးယူကာ ၀င်ငွေ ရှာဖွေကြတယ်။

ဒီတော့ ငွေလာချေးတဲ့သူတွေရဲ့ ဘဏ္ဍာရေးအခြေအနေကို သိဖို့ လိုတယ်။ အဲဒီအတွက် အချက်အလက်တွေကို ဘလောက်ချိန်းစနစ်မှာ သိမ်းဆည်းပေးထားတာကို ကြည့်ပြီး ငွေချေးဖို့ စဉ်းစားဆုံးဖြတ်ကြမယ်။

အဲဒီငွေကြေး အချက်အလက်တွေ ပေးဖို့ credit bureau ဆိုတာ ရှိလာမယ်။ credit reporting agency (CRA) လို့လည်း ခေါ်ကြတယ်။

အဲဒါက ငွေကြေးလုပ်ငန်းတွေအားလုံးထံမှ ငွေချေးတာ ငွေဆပ်တာ အတိုးပေးတာ စတဲ့အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ စုဆောင်းပေးထားပြီး ငွေကြေးလုပ်ငန်းတစ်ခုက မေးမြန်းတဲ့အခါ နောက်ဘိတ်ဆုံးအခြေအနေကို ဖြေကြားပေးမယ်။

ဒီတော့ ငွေလာချေးတဲ့သူရဲ့ အကြွေးအခြေအနေကို ငွေကြေးလုပ်ငန်းက ချက်ချင်းသိရပြီး ငွေချေးဖို့ကိစ္စကို ချက်ချင်း ဆုံးဖြတ်ပေးမယ်။

အခုလို တိကျမြန်ဆန်တဲ့ ငွေကြေးဆိုင်ရာ အချက်အလက် ကွန်ရက်ကို လုပ်ကိုင်တာမှာ သမားရိုးကျနည်းလမ်းတွေနဲ့ လုပ်ရင် ကြာတယ်။

ဒီတော့ သုံးစွဲသူတွေကို ဉာဏ်ရည်တု AI artificial intelligence အကူအညီနဲ့ ဆောင်ရွက်ပေးမယ်။

အခုလို လုပ်ကိုင်ဆောင်ရွက်တာတွေ အင်တာနက်ကနေတစ်ဆင့် လုပ်ကိုင်ကြတဲ့အခါ တိမ်စိုင် cloud အခြေခံအဆောက်အအုံကို သုံးစွဲကြမယ်။ ကလောက်ဆိုတာ လုပ်ငန်းတိုင်း လူတိုင်း သုံးစွဲကြရတဲ့အရာတစ်ခု ဖြစ်လာမယ်။

တိမ်စိုင်ဆိုလို့ မိုးကောင်းကင်မှာ ရှိနေတာ မဟုတ်ဘူး။ ကမ္ဘာမြေပြင်မှာ စုစည်းသိုမှီးပေးထားတဲ့ နေရာထားရှိပြီး အဲဒီနေရာကို အင်တာနက်မှတစ်ဆင့် ဆက်သွယ်ပြီး လုပ်ကိုင်တာဖြစ်ပါတယ်။

ဒီတော့ ကွန်ရက် ကျယ်ပြန့်မှုက မြေစိုက်ငွေကြေးလုပ်ငန်း ဥပမာ ဘဏ်ခွဲအဆောက်အဦ ထားရှိပြီး လုပ်ကိုင်သလိုမျိုး ပုံသေ မဟုတ်တော့ဘူး။ ကွန်ရက်ကို အင်တာနက်နယ်ပယ်ကုန် ဟိုဘက်အထိ ဖြန့်ကျက်လို့ရတယ်။

ပြန်ရုပ်သိမ်းလို့လည်း ရတယ်။ အဲဒီလို စနစ်တွေ ကွန်ရက်တွေ ရှိနေပြီဆိုရင်

မိုဘိုင်း စမတ်ဖုန်း၊အသုံးပြုပြီး ရွာသူရွာသားတွေ ငွေကြေးဝန်ဆောင်မှုကို ရယူနိုင်ကြမယ်။

အဲဒီအကြောင်းခြင်းရာ ဗဟုသုတွေကို ThitsaWorks Solutions Myanmar ကုမ္ပဏီလီမိတက်မှ Digital Microfinace 2018 ခေါင်းစဉ်ဖြင့် ကုန်သည်စက်မှု အသင်းချုပ်အဆောက်အဦ မင်္ဂလာခန်းမမှ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ThitsaWorks ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလဆန်းမှာ အမေရိကန်အခြေစိုက် ဘဏ်လုပ်ငန်း Musoni နဲ့ အကျိုးတူပူးပေါင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တစ်နည်းအားဖြင့် Musoni ရဲ့ နည်းပညာတွေ၊ စီမံခန့်ခွဲပုံ၊ နည်းစနစ် စတာတွေကို ရရှိမှာ ဖြစ်ပါတယ်။

အခုလို လက်တွဲဆောင်ရွက်ကြတဲ့အခါ ကျေးလက်ဒေသကို ဦးတည်ချက် ထားရှိတာမို့ ဘာသာစကား အခက်အခဲ မဖြစ်အောင် မြန်မာစာဖြင့် သုံးစွဲလို့ရအောင် လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

Musoni ဟာ အသေးစားငွေချေးကဏ္ဍမှာ စမတ်ဖုန်းမှတစ်ဆင့် ငွေလွှဲခြင်း၊ ငွေပေးသွင်းစရာရှိသည်ကို စာတို SMS ပေးပို့ သတိပေးခြင်း စတာတွေကို ခေတ်မီနည်းစစ်များဖြင့် လုပ်ကိုင်လျက် ရှိပါတယ်။

အလွယ်ပြောရရင် စမတ်ဖုန်းဘဏ် လုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ Musoni ဟာ အသေးစားငွေချေးလုပ်ငန်းကို တစ်နှစ်တာ အချိန်ယူ ပြင်ဆင်ပြီးချိန်မှာ အာဖရိကတိုက်မှ ကင်ညာနိုင်ငံမှာ Musoni Kenya ကို ထူထောင်ခဲ့တယ်။

ကျေးလက်နေလူထုကို အလှမ်းမီဖို့အတွက် မိုဘိုင်းဖုန်း သုံးစွဲတဲ့စနစ်ကို ကြံဆဖန်တီးခဲ့တယ်။ နောက်တော့ ရာနှုန်းပြည့် မိုဘိုင်းဖုန်း သုံးစွဲလုပ်ကိုင်တဲ့ အသေးစားငွေကြေးလုပ်ငန်းအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

ယခုအခါမှာ Musoni System ဟာ ဆုများ ဆွတ်ခူးရရှိထားတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု ဆော့ဖ်ဝဲလ်အဖြစ်သို့ ရောက်ရှိနေပါပြီ။ Musoni ရဲ့စနစ်များကို လိုင်စင်နဲ့တကွ အသုံးပြုလိုတဲ့ လုပ်ငန်းများအနေဖြင့် ဖုန်း ၀၉၉၆၅၇၃၂၃၅၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Banking & Loan Events & Exhibition Read 898 times