မူဆယ်မြို့ဖက်ခြမ်း ပိတ်မိနေသော လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြ


14 October, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန် ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန်ပစ္စည်းကုန်စည်ဒိုင်အနေဖြင့် မူဆယ်မြို့ဖက်ခြမ်းတွင် ပိတ်မိနေသော မြန်မာ့လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြထားပါသည်။

မူဆယ်မြို့ တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်ဝင်ထွက် ဂိတ်ပေါက် ကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့ တွင် အလုံးစုံ ပိတ်လိုက်သဖြင့်  မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ တရုတ်နိုင်ငံသို့ တင်ပို့ရန် လမ်းကြော တစ်လျှောက် သယ်ဆောင်လာ ကြသော မြန်မာ့လယ်ယာထွက်ကုန်များသည် ပြည်တွင်းသို့ ပြန်လှည့်သည့် ယာဉ်များက ပြန်လှည့်ပြီး အများအားဖြင့် မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်း၀န်းကျော့--လွယ်အင် စသည့် နေရာများမှ ဂိုဒေါင်အသီးသီးတွင် ကုန်ပစ္စည်းများကို ချထားခဲ့ကြရပါသည်။ ထိုသို့ကုန်ပစ္စည်းများ ဂိုဒေါင်တွင် ချထားပိတ်မိနေသည်မှာ အချိန်ကာလအားဖြင့် သုံးလခန့် ကြာမြင့်နေပြီ ဖြစ်ပြီး အချိန်ကြာသည်နှင့်အမျှ ဂိုဒေါင်ခဆေးဖြန်းခများ စသည့် စရိတ်စက ပိုမိုကုန်ကျကာ ကုန်သည်များ နေ့စဉ်နစ်နာလျက်ရှိနေပါသည်။

 သွင်းကုန်သာရှိပြီး ပို့ကုန်မရှိပါက မိမိတို့ငွေတန်ဖိုး ကျဆင်းနိုင်ပြီး ကုန်ဈေးနှုန်း မြထောက်လာနိုင်ပါသဖြင့် ပြည်တွင်း စားဝတ်နေရေး အခက်အခဲ များစွာ ကြုံတွေ့နိုင်ပါသည်ပို့ကုန်/သွင်းကုန် မျှတမှသာလျှင် မိမိတို့ထောန်ဖိုးကို ထိန်းထားနိုင်မည်ဖြစ်ပါသည်ယခုအချိန်တွင် တရုတ်နိုင်ငံကျယ်ဂေါင်မြို့တွင်  ကျန်ရှိနေသော သွင်းကုန်ပစ္စည်းများ အား တင်သွင်းဝင်ရောက် ခွင့်ပြုမည်ဟု ကြားသိရပါသည်။ အလားတူ မိမိတို့ မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တွင် ပိတ်မိနေသော ပို့ကုန်ပစ္စည်းများကိုလည်း တင်ပို့ခွင့်ပြုပေးသင့်ပါကြောင်း တင်ပြလိုပါသည်။

 ကုန်ပစ္စည်းများ တင်ပို့ရာတွင် မန့်ဝိန်း-ကျယ်ဂေါင် ဂိတ်ပေါက်ဖြစ်စေ၊ ဝမ်တိန်ကျင်းဝန်းကျော့-လွယ်အင် ဂိတ်ပေါက်မှ ဖြစ်စေ အလွယ်တကူတင်ပို့နိုင်ပါက ကုန်သည်များအတွက် ကုန်ကျ စရိတ်အပိုင်း၊ ဈေးကွက်အပိုင်းတို့တွင် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်သဖြင့် ပို့ကုန်/သွင်းကုန် မျှတစေရေး၊ နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့ဖက်ခြမ်းတွင် ပိတ်မိနေသော မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ ဆုံးရှုံးနစ်နာမှု လျော့ချစေရေးနှင့် တစ်ဖက်နိုင်ငံသို့ အမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါက ကူညီညှိနှိုင်းဆောင်ရွက် ပေးနိုင်ပါရန် တင်ပြထားပါသည်။ 
 

 

 

Export, Import Read 4876 times