Mottama ဦးရန်ဟို


24 August, 2018

နှစ်စဉ် တစ်နှစ်တစ်ကြိမ် ချီးမြှင့်သော PropertyGuru Myanmar Property Awards ဆုများတွင် ၂၀၁၈ ခုနှစ်အတွက် 2018 Myanmar Real Estate Personality of the Year ဆုကိုMottama Holdings ၏ ဥက္ကဋ္ဌဖြစ်သူ ဦးရန်ဟိုအား ရွေးချယ် ချီးမြှင့်ခဲ့သည်။ အဆိုပါဆုသည် PropertyGuru Property Report မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့မှ ရွေးချယ်ပေးသော ဆုဖြစ်သည်။

ဦးရန်ဟိုသည် ရန်ကုန်မြို့ပြ မြေပြင်ကို ပထမတန်းစား၊ စွယ်စုံသုံး အဆောက်အဦများကို ဆောက်လုပ်ရေး ကျင့်ထုံးစံများ မြှင့်တင်ပြီး လုပ်ဆောင်ခဲ့သည့်အတွက် ယခုလို 2018 Myanmar Real Estate Personality of the Year ဆုကို ချီးမြှင့်ခံရခြင်း ဖြစ်သည်။ သူ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုခံရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ ယခုလို ဆုချီးမြှင့်ခံရသည့်အတွက် ဆန်းသစ်တီထွင်ခြင်း၊ တိုးတက်ကောင်းမွန်စေခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ခြင်းများကို ဆက်လက်လုပ်ဆောင်ရန် အားတက်စေသည်ဟုလည်း သူက ပြောသည်။

Mottama အဖွဲ့သည် မမောနိုင်မပန်းနိုင်အောင် စဉ်ဆက်မပြတ် လုပ်ကိုင်ခဲ့ကြခြင်းကို အသိအမှတ်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်ဟု သူက ဆိုသည်။ လုပ်ဆောင်သည့် စီမံကိန်းများတွင် ဗိသုကာ အတိုင်ပင်ခံများ၊ ဆောက်လုပ်ရေးပစ္စည်းပေးသွင်းသူများ၊ လက်တွဲဖော်များ၊ ဆောက်လုပ်ရေးလုပ်သားများ အစရှိသူတိုု့က အရည်းအသွေးကောင်းတာ သေချာအောင် လုပ်ဆောင်ပေးခဲ့ကြသည်ဟု သူက ဆိုသည်။

ဦးရန်ဟိုသည် မြန်မာပြည် အရှေ့မြောက်ပိုင်း ကွမ်လန်ရွာတွင် တရုတ်မြန်မာ မိသားစုမှ မွေးဖွားခဲ့သူ ဖြစ်သဖြင့် သူ့ဘဝအစတွင် ကျေးလက်ဝန်းကျင်တွင် ကြီးပြင်းခဲ့သည်။ မြို့ပြတစ်ခု၏ သာယာအဆင်ပြေမှုများကို မရရှိနိုင်ပေ။ ထိုသို့ သူငတ်မွတ်ခဲ့သော သာယာအဆင်ပြေမှုများ၏ မြို့ပြအရသာကို သူ ဆောက်လုပ်နေသည့် စီမံကိန်းများမှတစ်ဆင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်များကို ပေးအပ်နိုင်လိမ့်မည်ဟု သူ မျှော်မှန်းထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် သူအောင်မြင်မှုဆောင်ယူဖို့ သူမှာ ကြီးမားသော အတွေ့အကြုံနှင့် ဉာဏ်ပညာတို့ကို လွန်ခဲ့သည် ဆယ်စုနှစ် လေးခုအတွင်း သူ ရရှိထားသည်။ ထိုကာလတွင် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် သူ လုပ်ကိုင်ခဲ့စဉ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့ဆရာသမားများနှင့် သူနှင့် တန်းတူဖြစ်သူများက သူ့၏ ကျွမ်းကျင်မှုများနှင့် ကြိုးစားအားထုတ်ခြင်းများအတွက် ဇွဲကောင်းသည်ကို သိထားကြသည်။ ဦးရန်ဟိုသည် လူငယ်လူလတ်ပိုင်းကို ၁၉၉၀ ပြည့်နှစ်လွန်ကာလတွင် ဖြတ်သန်းခဲ့ရာ၌ ထိပ်ပိုင်း အရောင်းတာဝန်ခံအဖြစ် တိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများအတွက် လုပ်ကိုင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်အောင် မည်သို့လုပ်ကိုင်လည်ပတ်ရမည်ကို သူ တတ်မြောက်သည်အထိ သင်ယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လာသောအခါ မိသားစုပိုင် စတီးထည်နှင့် ရုံးသုံးပရိဘောဂ ထုတ်လုပ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သည်။ တိုင်းပြည်တွင် စီးပွားရေးဖြေလျော့ပေးခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

ယခုအခါ Mottama Holdings ထီးရိပ်အောက်တွင် အဓိက လုပ်ငန်းကြီး သုံးခု ပါဝင်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ Mottama Trading Group, Min Dhama Construction နှင့် Mottama Development Group Co., Ltd. တို့ ဖြစ်သည်။

ဇနီးမဟေသီ ဒေါ်ခင်ခင်ထက်သည် သူ၏ အယုံကြည်ရဆုံး လက်တွဲဖော်ဖြစ်ပြီး အထောက်အကူပေးနေသူလည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူ့လုပ်ငန်းသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေးအကျပ်အတည်းအပါအဝင် အခက်အခဲများကို တန်းကျော်ပြေးနိုင်ခဲ့သည်။ သို့သော် လွယ်လွယ်ဖြင်း ခရီးပေါက်သော သာယာဖြောင့်ဖြူးသော ခရီးရှည်တစ်ခုတော့ မဟုတ်ပေ။ ဈေးကွက်က မတည်ငြိမ်သဖြင့် အခက်အခဲများ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။

တိုက်တာဆောက်လုပ်သည့် လုပ်ငန်းနယ်ပယ်အပေါ် လူအများတို့ စိတ်ချလက်ချဖြစ်ခြင်း ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်ဟု သူက ပြန်ပြောပြသည်။ “ဆောက်လက်စ စီမံကိန်းတွေ အများအပြားကို ဆောက်လုပ်ရေးလုပ်ငန်း အမျိုးမျိုးက ရပ်လိုက်ကြတယ်။ နှောင့်နှေးသွားတာတွေလည်း ရှိတယ်။ ဒီတော့ ရလဒ်အဖြစ် ဝယ်ယူသူအများအပြားတို့က အလိမ်ခံရတယ်လို့ ခံစားမိကြတယ်။ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလုံးက ကတိမတည်ဘူးလို့ သူတို့ ခံစားမိကြတယ်”

သူက အရှုံးမပေး၊ လက်မမြှောက်။ လူထုယုံကြည်မှု ပြန်လည်ရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့သည်။ သူက ပွင့်လင်းမြင်သာသည်ကို အားပေးသည်။ ကျင့်ဝတ် စောင့်ထိန်းသည်။ ကတိအတိုင်း စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် ဝယ်ယူသူများကို ပေးအပ်သည်။

လက်ရှိအနေအထားတွင် ရန်ကုန်မြို့၌ စီမံကိန်း ၉ ခုကို အကောင်အထည် ဖော်နေသည်။

• ပြည်လမ်း ဘေးတွင် M Tower,

• မင်းဓမ္မလမ်းဘေးတွင် Min Residences,

• မင်္ဂလာဒုံမြို့နယ်တွင် Mottama Centre,

• M Green Apartment တန်ဖိုးသင့် အိမ်ရာစီမံကိန်းလေးခုကို ပြည်ပလုပ်ငန်းများနှင့်အတူ ပူးပေါင်းပြီး ဆောက်လုပ်သည်။

• ကန်တော်ကြီးအနီးတွင် Myanmar Aquarium ငါးပြတိုက်၊

• ကမ်းနားလမ်းတွင် Harbour Trade Tower၊

• ကျိုက်ဝိုင်းဘုရားလမ်းတွင် Bonnamy Tower၊

• မင်းဓမ္မလမ်းတွင် Mottama Business Tower၊

• ပြည်လမ်းတွင် HL Tower၊ စီမံကိန်း ငါးခုကို ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ကာ ဆောက်လုပ်သည်။

စက်မှုလုပ်ငန်းဖြစ်သော Mindama Steel Structure Co.,Ltd (MDSS) မှ ထုတ်လုပ်ပေးသော စတီးထည်များဖြင့် ၂၆ ထပ်ပါ M Tower ကို ဆောက်လုပ်သည်။ ၎င်းစတီးထည်များကို တိုင်ဝမ်နည်းပညာဖြင့် ပြည်တွင်းတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။ ယခုလို စတီးထည် steel structure ဖြင့် အထပ်မြင့် အဆောက်အဦတည်ဆောက်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံး ဖြစ်သည်ဟု သိရသည်။ ဒုတိယမြောက် တည်ဆောက်သည့် steel structure ဖြင့် အထက်မြင့် အဆောက်အဦသည် Harbour Trade Tower ဖြစ်သည်။ ထိုအဆောက်အဦတွင် ယာဉ်များ ရပ်နားရပ် အထက် ၅ ထပ် ပါဝင်သည်ဟု သိရသည်။

Min Dhama Construction သည် မြင်းခြံလျှပ်စစ်ဓာတ်အားပေးစက်ရုံ Sembcorp၊ ဘီယာစက်ရုံများဖြစ်သည့် Carlsberh နှင့် Heineken၊ အိမ်သုတ်ဆေးစက်ရုံ Jotun၊ သီလဝါမှ Max Energy Tank Farm၊ သံဘူးထုတ်လုပ်သည့် Kian Joo Can အစရှိသည့် စက်ရုံများကို တည်ဆောက်သည်ဖြစ်ရာ စက်ရုံပေါင်း ၁၅၀ ကျော်ရှိပြီဟု သိရပါသည်။

မင်းဓမ္မ ကုမ္မဏီသည် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ငွေ အများဆုံးပေးဆောင် ကုမ္မဏီ ၁ဝဝ မှာ ပါဝင်ခဲ့ပြီး ဆုချီးမြှင့်ခံရသည်။

Events & Exhibition Local News Read 1176 times