ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်း ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှ တင်သွင်း


29 March, 2023

ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်း ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံမှ တင်သွင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းအများဆုံး တင်သွင်းသူဖြစ်ပြီး စုစုပေါင်းလိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံမှ တင်သွင်းသည်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။
"အဲဒီပစ္စည်းတွေက ပို့ကုန်‌တွေအတွက် ကုန်ချော‌ေတွထုတ်တာမှာ အရေးပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ကမ္ဘောဒီးယားသည် အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းတင်သွင်းမှု များပြားခြင်းကြောင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ပြနေ‌ရသည်ဟု ၎င်းက ဆိုသည်။

အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းလုပ်ငန်းကဏ္ဍသည် ကမ္ဘောဒီးယားအတွက် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနေသည်။

အဆိုပါကဏ္ဍတွင် အကြမ်းဖျင်းအားဖြင့် စက်ရုံခွဲပေါင်း ၁,၁၀၀ ခန့် ပါဝင်ပြီး အလုပ်သမား ခန့်ကို အလုပ်ခန့်ထားသည်။ အများစုမှာ အမျို၇၅၀,၀၀၀ျးသမီးများ ဖြစ်သည်။

 ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ကုန်ပစ္စည်း စုစုပေါင်း ကန်ဒေါ်လာ ၂၂.၄ ဘီလီယံဖိုး တင်ပို့ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂၉.၉ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် အထည်ချုပ် ၊ ဖိနပ် နှင့် ခရီးသွား ကုန်ပစ္စည်း ထုတ်ကုန်များ ကန်ဒေါ်လာ ၁၂.၆၃ ဘီလီယံဖိုး တင်ပို့ ခဲ့ပြီး  ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀.၉၉ ဘီလီယံဖိုး တင်ပို့ခဲ့သည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ ရေထွက်ပစ္စည်းနှင့် အဝတ်အထည်များ အဓိကအားဖြင့် တင်ပို့သည်။ 
အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်းများ၊ စက်ယန္တရားများ၊ မော်တော်ယာဉ်များ၊ အစားအသောက်၊ အီလက်ထရွန်းနစ်၊ ဆေးဝါးစသည်တို့ကို အများဆုံးတင်သွင်းသည်။
Source  Khmer Times
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 229 times