Money Changer လုပ်ငန်းနှစ်ခု သုံးလဆိုင်းငံ့


10 June, 2023

Money Changer လုပ်ငန်းနှစ်ခု သုံးလဆိုင်းငံ့

 

TO GET INSTANT UPDATE 
https://t.me/Guid4U
Join Telegram Channel

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Shwe Wei Phone Myat Co., Ltd & Money Changer နှင့် Shwe Nan Taw Wyn Co., Ltd & Money Changer တို့ကို လုပ်ငန်းလိုင်းစင် ၃ လ ဆိုင်းငံ့ကြောင်း ကြေညာပါသည်။ 



Shwe Wei Phone Myat Co., Ltd & Money Changer License 32: သုံးလဆိုင်းငံ့ခြင်း

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၅-၂-၂၀၁၇)ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-351/2017 ရရှိထားသည့် Shwe Wei Phone Myat Co., Ltd သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်းဖြစ်သောကြောင့် ပုဒ်မ ၃၅ (ခ) အရ Shwe Wei Phone Myat Co., Ltd ၏ Money Changer လိုင်စင်အား (၉-၆-၂၀၂၃) ရက်နေ့မှ စတင်၍ သုံးလဆိုင်းငံ့ပါသည်။

၂။ သို့ဖြစ်ပါ၍ Shwe Wei Phone Myat Co., Ltd ၏ အမှတ် (၂၄)၊ နိဗ္ဗာန်လမ်း၊ မြို့တွင်းရပ်၊ ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာ တွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း အသိပေးပါသည်။


Shwe Nan Taw Wyn Co., Ltd & Money Changer License 300: သုံးလဆိုင်းငံ့ခြင်း

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၅-၈-၂၀၁၉) ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-458/2019 ရရှိထားသည့် Shwe Nan Taw Wyn Co., Ltd သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသောညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် ပုဒ်မ ၃၅ (ခ) အရ Shwe Nan Taw Wyn Co., Ltd ၏ Money Changer လိုင်စင်အား (၉-၆-၂၀၂၃) ရက်နေ့မှစတင်၍ သုံးလ ဆိုင်းငံ့ပါသည်။

၂။ သို့ဖြစ်ပါ၍ Shwe Nan Taw Wyn Co., Ltd ၏ ဈေးရုံ (၂)၊ အမှတ်(၆)၊ ဈေးရှေ့ဘက်လမ်း၊ စည်ပင်သာယာဈေးကြီး၊ ထားဝယ်မြို့တွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာတွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း အသိပေး ပါသည်။
 

TO GET INSTANT UPDATE 
https://t.me/Guid4U
Join Telegram Channel

Banking & Loan Laws and Regulations Read 442 times