လူနေမှုစရိတ် သက်သာစေရန် မိုဘိုင်းကုန်စုံဆိုင်များ ဆက်လက်ရောင်းချ


12 December, 2023

လူနေမှုစရိတ် သက်သာစေရန် မိုဘိုင်းကုန်စုံဆိုင်များ ဆက်လက်ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင် မိုဘိုင်းကုန်စုံဆိုင်များ ‌ဖွင့်လှစ် ရောင်းချပေးခြင်းဖြင့်  နေထိုင်စား‌ေသာက်မှုစ ရိတ်စကများကို လျှော့ချရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ 

ပြည်တွင်းကုန်သွယ်မှုဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Goranij Nonejuie က မိုဘိုင်းကုန်စုံစတိုးဆိုင် ပဏာမခြေလှမ်းသည် ငါးနှစ်ဆက်တိုက် လုပ်ကိုင်သွားရန် စီစဉ်ထားသည်ဟု ပြောကြားသည်။
မဟာဘန်ကောက်ရှိ လူနေထူထပ်သော နေရာ ၁၀၀ ကျော်တွင်  မိုဘိုင်းကုန်စုံဆိုင်များ တပ်ဖြန့်ချထားမည်ဖြစ်သည်။

 မဟာဗန်ကောက်တွင် နေထိုင်သူများအား နှစ်စဉ် ထိုင်းဘတ်ငွေ သန်း ၁၂၀ ခန့် သက်သာစေရန် ရည်မှန်းထားသည်။

 

ဘန်ကောက်နှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ေပးသည့် မိုဘိုင်းကုန်စုံ အစီအစဉ်သည် နှစ်သစ်ကူးပွဲတော်ကာလတွင် ပုံမှန်ဆိုင်များ ရက်အတော်ကြာ ပိတ်သည့်အချိန်တွင် လူနေမှုစရိတ်များ သက်သာစေရန်လည်း ရည်ရွယ်သည်။

“မိုဘိုင်းကုန်စုံဆိုင်တွေမှာ နေ့စဉ်သုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း ၉၄ ခုကို ရောင်းချပေးပါတယ်။ အများဆုံး  ၅၅% အထိ ဈေးလျော့ချပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

မိုဘိုင်းကုန်စုံဆိုင်များတွင် ရရှိနိုင်သော ပစ္စည်းများတွင် ကြက်ဥ၊ သကြား၊ ဆီ၊ ဆန်၊ ကြက်သား၊ ဝက်သား၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အသင့်စားခေါက်ဆွဲများ ပါဝင်သည်။

ဝန်ကြီးဌာနသည် အစားအသောက်များကို တတ်နိုင်သောစျေးနှုန်းဖြင့် ရောင်းချသည့် Thong Fah (အလံပြာ) ဆိုင်များကို ဆက်လက်ရောင်းချပေးသွားမည်ဟု  Mr Goranij က ပြောကြားသည်။

 

ဝန်ကြီးဌာနတွင် နိုင်ငံတစ်ဝန်း လူသုံးကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေသည့် ဆိုင်ပေါင်း ၁၄၀,၀၀၀ ပါဝင်သည့် ကွန်ရက်ရှိပြီး ဒေသခံဆိုင်ပေါင်း ၆၀၀ ကျော် အစီအစဉ်တွင် ပူးပေါင်းပါဝင်ထားသည်။

Source thethaiger
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Read 230 times