ပျောက်ဆုံးနေသော တရုတ်ထိပ်တန်းဘဏ်လုပ်ငန်းရှင် ဘီလျံနာ စင်ကာပူမှာ မိသားစုရုံးခန်း  ဖွင့်လှစ်ထား


22 February, 2023

ပျောက်ဆုံးနေသော တရုတ်ထိပ်တန်းဘဏ်လုပ်ငန်းရှင် ဘီလျံနာ စင်ကာပူမှာ မိသားစုရုံးခန်း 
ဖွင့်လှစ်ထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

China Renaissance ဘဏ်လုပ်ငန်း အကြီးအကဲ Bao Fan သည် မပျောက်ဆုံးမီ ချမ်းသာကြွယ်ဝမှုကို လုံခြုံစိတ်ချ‌စေရန် စင်ကာပူသို့ ငွေကြေးများ ရွှေ့ပြောင်းရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

 ပျောက်ဆုံးနေသော တရုတ် ထိပ်တန်း ရင်းနှီးမြုပ်နှံမှုဘဏ်လုပ်ငန်းရှင် Bao Fan သည် ၎င်း၏ ချမ်းသာကြွယ်ဝမှုအချို့ကို တရုတ်နှင့် ဟောင်ကောင်မှ စင်ကာပူသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေချိန် လပိုင်းများအတွင်း ရုတ်တရက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု Asia Nikkei မီဒီယာက သတင်းဖော်ပြသည်။

ရင်းနှီးမြှုပ်နှံမှုဘဏ် China Renaissance ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဘီလျံနာ Bao Fan သည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး နည်းပညာဆိုင်ရာ သဘောတူညီချက်အချို့ကို ကြားဝင်ဆောင်ရွက်ပေးသူဖြစ်ပြီး ၂၀၂၂ ခုနှစ်၏ နောက်ဆုံးလများတွင် ၎င်း၏ကိုယ်ပိုင်ကြွယ်ဝမှုကို စီမံခန့်ခွဲရန်အတွက် စင်ကာပူတွင် မိသားစုရုံးတစ်ခု တည်ထောင်ခဲ့သည်။

တရုတ်အစိုးရသည် နည်းပညာကဏ္ဍအပေါ် စည်းမျဥ်းစည်းကမ်းချိုးဖောက်မှုနှင့် အကျင့်ပျက်ခြစားမှုတို့ တိုက်ဖျက်ရေးအတွက် ဖြိုခွင်းပြီးနောက် စင်ကာပူတွင် ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲသည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီ ထားရှိသည့်  တရုတ်အမှုဆောင်အရာရှိများ အရေအတွက် ပိုများလာနေသည်။

၎င်းတို့က စင်ကာပူကို “အာရှ၏ ဆွစ်ဇာလန်” ဟုပြောဆိုကြပြီး ၎င်းတို့ ပိုင်ဆိုင်သည့် ငွေများကို ထားရှိရန် လုံခြုံစိတ်ချရသည့်နေရာတစ်ခုဟု  ရှုမြင်ကြသည်။

"တရုတ်မှာ နည်းပညာ ဖြိုခွင်းမှုတွေနဲ့ ကပ်ရောဂါ ပိတ်ဆို့ထားချိန်ကစပြီး တခြား ချမ်းသာတဲ့ တရုတ်တွေလိုပဲ၊ သူကလည်း စင်ကာပူမှာ သူ့ရဲ့ ကြွယ်ဝမှုကို ထားရှိဖို့ ကြိုးစားပါတယ်" ဟု အကြောင်းသိသူတစ်ဦးက ပြောကြားသည်။

China Renaissance ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းကို ၂၀၀၅ ခုနှစ်တွင် ပူးတွဲထူထောင်သူ Bao သည် ယခုဖေဖော်ဝါရီလတွင် ပျောက်ချက်သား ကောင်းနေခဲ့သည်မှာ ယခုအထိ ဖြစ်သည်။ 
ဘဏ်က ဘဏ်ဥက္ကဋ္ဌ၊ စီအီးအိုနှင့် ထိန်းချုပ်ရှယ်ယာပိုင်ရှင် Bao ကို ဆက်သွယ်၍ မရကြောင်း ပြောကြားခဲ့သည်။ 
Bao သည် China Renaissance ကို တရုတ်နိုင်ငံ၏ ထိပ်တန်းဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုအဖြစ်သို့ ရောက်အောင် လုပ်ကိုင်ပေးခဲ့သူ ဖြစ်သည်။

     Advertisement

Click Here > Biz Partner

Bao သည် ငွေကြေးရွှေ့ပြောင်းရာတွင် အောင်မြင်မှု ရှိ၊ မရှိ သို့မဟုတ် လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေဆဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယခုအခါ စင်ကာပူတွင် Bao Fan အမည်ဖြင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်ကို အစိုးရ ဝဘ်ဆိုက်စာရင်းတွင် မတွေ့ရသေးပေ။

“အဲဒီ မိသားစုတစ်စုတည်းရဲ့ ရုံးခန်းတွေကို ဘယ်သူက ထူထောင်တယ်ဆိုတာ သိဖို့ခက်တယ်” ဟု ရှေ့နေတစ်ဦးကပြောသည်။

"စင်ကာပူ ငွေရေးကြေးရေးအာဏာပိုင်က  ပြင်ပအဖွဲ့အစည်းမှ သူတစ်ပါးတို့ရဲ့ ငွေကြေးကို စီမံခန့်ခွဲဖို့ ခွင့်မပြုတဲ့အတွက် မိသားစုဝင် အရင်းအချာ မဟုတ်တဲ့သူကို အမည်ခံခိုင်းလို့ မရဘူး။ ဒီတော့ အများစုက သူတို့ရဲ့ သားသမီး သို့မဟုတ် အိမ်ထောင်ဖက်ရဲ့ အမည်များကို ဒါရိုက်တာများအဖြစ် အသုံးပြုကြပါတယ်" ဟု ၎င်းက ပြောကြားသည်။


စင်ကာပူအစိုးရသည် ဓနဥစ္စာစီမံခန့်ခွဲရေး ဗဟိုဌာနအဖြစ် စင်ကာပူ အနေအထား ရယူနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
၂၀၁၉ တွင် စင်ကာပူ ငွေရေးကြေးရေးအာဏာပိုင်နှင့် စီးပွားဖွံ့ဖြိုးရေးဘုတ်တို့က မိသားစုရုံးခန်းများ စင်ကာပူမှာ လာရောက်ဖွင့်လှစ်ပြီး ကြွယ်ဝမှုများ စင်ကာပူသို့ ရွှေ့ပြောင်းကြစေရန်အတွက် ဆွဲဆောင်မှုများ ပေးအပ်ဖို့ Family Office Development Team ကို ထူထောင်ခဲ့ပါသည်။

မိသားစုရုံးခန်း  အရေအတွက်သည် ၂၀၁၈ ခုနှစ်တွင် လက်တစ်ဆုပ်စာမျှသာ ရှိခဲ့ရာမှ ယခင်နှစ်ကုန်ပိုင်းတွင် ခန့်မှန်းခြေ ခုရေ ၁,၅၀၀ ဝန်းကျင်သို့ တိုးလာခဲ့ပါသည်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Investment/Divestment Read 813 times