အနည်းဆုံး အခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာ


07 October, 2023

အနည်းဆုံး အခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအ မျိုးသားကော်မတီ မှ အနည်းဆုံး အခကြေးငွေ နှုန်းထား ပြင်ဆင်သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၂၃ ကို ၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်) ရက်စွဲဖြင့် ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။



အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ကြေညာခြင်း

၁။ အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဃ)နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် “ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆ဝဝ ကျပ်(ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄,၈ဝဝ ကျပ် (လေးထောင့်ရှစ်ရာကျပ်)" ကို ပြည်ထောင်စုအစိုးရ အဖွဲ့ ၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၁၄-၅-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၈)ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။

၂။ . အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို “ အလုပ်ချိန် တစ်နေ့ (၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခကျပ် ၄,၈၀၀/- (ကျပ်လေးထောင့်ရှစ် ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/- (ကျပ်တစ်ထောင်တိတိ) ကို ထပ်မံခံစား ခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၅,၈၀၀/-(ကျပ်ငါးထောင့် ရှစ်ရာတိတိ)ကို ခွင့်ပြုရန်ဖြစ်ပါသည်”ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၃၀-၉-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ထုတ်ပြန်သတ်မှတ်ပြီးဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အနည်းဆုံးအခကြေးငွေကို မူလသတ်မှတ်ထား သော အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ကျပ် ၄,၈၀၀/-(ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/- (ကျပ်တစ်ထောင်တိတိ)နှုန်း ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ကျပ် ၅,၈ဝဝ/- (ကျပ်ငါးထောင့်ရှစ်ရာတိတိ) ဖြစ်ကြောင်း သတ်မှတ်ပေးလိုက်သည်။


 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 457 times