ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်သက်တမ်းတိုးပေးထား


21 November, 2023

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်သက်တမ်းတိုးပေးထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံတွင် ယာယီအလုပ်လုပ်ကိုင်ခွင့်ရရှိထားသည့် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများကို ဗီဇာအသစ်နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျှောက်ထားစဉ်တွင် နေထိုင်ခွင့်သက်တမ်းတိုးပေးထားသည်။

ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုရေး တာဝန်ခံ Traisuree Taisaranakul က ဝန်ကြီးဌာနသည် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအား  နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်နိုင်စေရန် အထူးခွင့်ပြုချက် ပေးသည့် ကြေညာချက်အသစ် နှစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ နောက်ကြောင်းပြန် အသက်ဝင်မည့် ပထမကြေညာချက်သည် ထိုင်းနိုင်ငံတွင် ရှိပြီးဖြစ်သော အဆိုပါ လေးနိုင်ငံမှ အလုပ်သမားများသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်နိုင်စေရေးအတွက်ဖြစ်ကြောင်း သူမက ပြောသည်။


ဒုတိယကြေညာချက်သည် နိုဝင်ဘာလ ၁၄ ရက် စတင်အသက်ဝင်ကြောင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများအတွက် ဖြစ်ကြောင်း၊ ထိုင်းအစိုးရနှင့်   ၎င်း ၃ နိုင်ငံ အစိုးရ အသီးသီးတို့ လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်နေသူများသာ အကျုံးဝင်ကြောင်း သူမက ပြောသည်။


ကြေညာချက်အသစ်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် အဆိုပါ သုံးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ထိုင်းတွင် ဆက်လက်နေထိုင်ရန် ခွင့်ပြုထားကြောင်း သူမက ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အလုပ်ဆက်လက်လုပ်ကိုင်လိုပါက အလုပ်ရှင်မှ ၎င်းတို့၏ကိုယ်စား အလုပ်လုပ်ကိုင်ခွင့်လျှောက်လွှာကို တင်ပြရမည်ဖြစ်ကြောင်း Traisuree မှ ပြောကြားပါသည်။


ရွှေ့ပြောင်း အလုပ်သမားများ၏ အသက် ၁၈ နှစ်အောက် သားသမီးများကို အလိုအလျောက် နေထိုင်ခွင့် ပေးမည်ဖြစ်ပြီး အသက် ၁၈ နှစ်အထက် သားသမီးများသည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက် လျှောက်ထားကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွှေ့ပြောင်းလုပ်သားများအတွက် ဗီဇာကြေး ဘတ် ၅၀၀ သို့လျှော့ချသတ်မှတ်ခဲ့သည်ကို Guide4U တွင် တင်ပြခဲ့ပါသည်။


ယခင်တင်ပြချက်
https://t.me/Guid4U/12571


 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Read 243 times