MIC ခွင့်ပြုမိန့်လျှောက်ထားခြင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်


03 May, 2019

ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းအများစုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ကို ရယူဆောင်ရွက်ရန် မလိုအပ်တော့ပေမယ့်လည်း အချို့လုပ်ငန်းတွေကေတော့ ကော်မရှင်ကို အဆိုပြုလျှောက်ထားလွှာ တင်သွင်းပြီး ခွင့်ပြုမိန့် ရယူဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ရယူဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားတွေကတော့ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါတဲ့လုပ်ငန်းများ၊ မတည်ငွေရင်းကြီးမားတဲ့ လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအပေါ် ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေနိုင်တဲ့ လုပ်ငန်းများ၊ နိုင်ငံတော်ပိုင်မြေနဲ့ အဆောက်အဦများ အသုံးပြုတဲ့ လုပ်ငန်းများ၊ ခွင့်ပြုမိန့်ရယူဆောင်ရွက်ရန်ဟု အစိုးရအဖွဲ့က သတ်မှတ်ထားတဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်းတွေအနေနဲ့ ခွင့်ပြုမိန့်လျှောက်ထားပုံအဆင့်ဆင့်ကို အောက်မှာ ဖော်ပြထားပါတယ်။

အဆင့်(၁) လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းခြင်း

ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြံဉာဏ်တောင်းခံပြီး သတင်းအချက်အလက်တွေကို ရယူနိုင်ပါတယ်။

 

အဆင့်(၂) စာရွက်စာတမ်းအထောက်အထားများ ပြင်ဆင်ခြင်း

အဆိုပြုလွှာ (ပုံစံ ၂) ကို ဝယ်ယူဖြည့်သွင်းကာ ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံ လျှောက်ထားနိုင်ပါတယ်။

 

အဆင့်(၃) အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆန်းစစ်ခြင်း

ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ သက်ဆိုင်ရာ ရင်းနှီးမြှုုပ်နှံမှုဌာနခွဲများအနေနဲ့ ရင်းနှီးမြှုုပ်နှံသူများမှ တင်ပြလာတဲ့ လျှောက်ထားလွှာအပြည့်အစုံကို စိစစ်သုံးသပ်ကာ အဆိုပြုချက် စိစစ်ရေးအဖွဲ့အစည်းအဝေးဆီ တင်ပြဆွေးနွေးပါတယ်။

 

အဆင့်(၄) မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်မှ စိစစ်ခြင်း

အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ စိစစ်သုံးသပ်ပြီး ပြည့်စုံတဲ့ ရင်းနှီးမြှုုပ်နှံမှု အဆိုပြုလွှာကို မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင်မှ ထပ်မံစိစစ်ပါတယ်။

 

အဆင့်(၅) ခွင့်ပြုမိန့်ထုတ်ယူခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်မှ အဆိုပြုချက်ကို လက်ခံပါက နောက်ဆုံး ခွင့်ပြုမိန့်ကို ထုတ်ယူနိုင်ပါတယ်။

DiCA

Investment/Divestment How To Read 800 times