IMF က ဗီယက်နမ်စီးပွားရေး ကြီးထွားနှုန်း တိုးမြှင့်ခန့်မှန်း


10 September, 2022

IMF က ဗီယက်နမ်စီးပွားရေး ကြီးထွားနှုန်း တိုးမြှင့်ခန့်မှန်း

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့International Monetary Fund (IMF) သည် ဗီယက်နမ်အတွက် ယခုနှစ်တွင်  စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၆% မှ ၇% သို့ မြှင့်တင်ပါသည်။
အာရှရှိ အဓိကနိုင်ငံများအကြား စီးပွားရေးတိုးတက်မှုအတွက် ခန့်မှန်းချက်များတွင် တိုးမြှင့်ခန့်မှန်းသော နိုင်ငံဟူ၍ ဗီယက်နမ် တစ်နိုင်ငံတည်း ရှိပါသေးသည်။


 အာရှ၏ အခြားနေရာများတွင် တိုးတက်မှု အားနည်းသွားသော်လည်း ဗီယက်နမ်တွင်  အရှိန်အဟုန်ဖြင့် တိုးတက်မှု အလားအလာ ရှိနေသည်ဟု IMF က ဆိုပါသည်။

IMF သည် ထွန်းသစ်စ ဒေသတွင်းဈေးကွက်များအတွက် ခန့်မှန်းချက်များကို ၀.၈% လျှော့ချခန့်မှန်းပါသည်။
ဂျပန်၊ တရုတ်နှင့် အိန္ဒိယ တို့ကို ၀.၇-၁.၁% လျှော့ချခန့်မှန်းပါသည်။

နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာမှုသည် အတိုးနှုန်းနိမ့်ကျမှု၊ ခိုင်မာသောချေးငွေတိုးတက်မှုနှင့် အစိုးရ၏ လူမှုစီးပွားပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် Program for Socioeconomic Recovery and Development  ၊ ခိုင်မာသောကုန်ထုတ်စွမ်းအားနှင့် လက်လီနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်‌ေကာင်းမွန်လာခြင်းတို့နှင့်အတူ ပံ့ပိုးပေးသည့် အစိုးရမူဝါဒများဖြင့် တွန်းအားပေးလျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ယခုနှစ် ပထမ ရှစ်လအတွင်း မြင့်တက်ခဲ့သော်လည်း နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော ဗီယက်နမ်နိုင်ငံတော်ဘဏ်မှ သတ်မှတ်သည့် ရည်မှန်းချက် ၄% ၏ အောက်၌သာ ရှိနေခဲ့သည်။

သို့သော် စီးပွားရေး လုပ်ကိုင်မှုများ အရှိန်အပြည့်ပြန်တက်လာသည်နှင့်အမျှ ငွေကြေးဖောင်းပွမှု တက်လာနိုင်ကြောင်း IMF က သတိပေးထားပါသည်။
သယ်ယူပို့ဆောင်ရေး၊ ဓာတ်မြေဩဇာနှင့် တိရစ္ဆာန်အစာတို့၏ စရိတ်များ မြင့်မားခြင်းသည်  ကုန်စည်နှင့် ဝန်ဆောင်မှုများအကြား ကျယ်ကျယ်ပြန့်ပြန့်ဖြင့်  ဈေးနှုန်းများ မြင့်တက်လာဖွယ်ရှိသည်။

အမေရိကန်၊ တရုတ်နှင့် အီးယူ အပါအဝင် ဗီယက်နမ်၏ အဓိကကုန်သွယ်ဖက်များတွင် စီးပွားရေး နှေးကွေးမှုသည် ဗီယက်နမ်၏ ပို့ကုန်များအတွက် ဝယ်လိုအား လျော့ကျစေနိုင်သည်။

ငွေကြေးဖောင်းပွမှုကို တားဆီးရန် အဓိက ငွေကြေးအခြေအနေများ တင်းကျပ်ခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဈေးကွက်များ မသေချာမရေရာမှုများသည် ဗီယက်နမ် စောင့်ကြည့်သင့်သည့် အခြားအချက်များဖြစ်ကြောင်း  IMF က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးနှေးကွေးမှုမှ မည်သည့်နိုင်ငံမျှ  လွတ်ကင်းမည် မဟုတ်သဖြင့် ဗီယက်နမ်လည်း လွတ်ကင်းမည် မဟုတ်။ 
သို့သော်  တရုတ်နိုင်ငံမှ ထွက်ခွာသည့် ကုမ္ပဏီကြီးများ ဗီယက်နမ်သို့ ရောက်လာပြီး ရင်းနှီးမြှုပ်နှံကာ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ကြခြင်းသည် ဗီယက်နမ်ကို ကံကောင်းနေစေမည် ဖြစ်ပါသည်။ ဗီယက်နမ်သည် လစာနည်းသော လုပ်သားအင်အားရှိသည့် နိုင်ငံလည်းဖြစ်သည်။
 ယခုအချိန်အခါတွင် အနာဂတ်သည်  မှန်းဆရန် အလွန်အမင်း ခဲယဉ်းနေပါသည်။
 Source e.vnexpress
 #MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Global News Read 1156 times