Metro AG မြန်မာမှ ဆုတ်ခွာ


05 September, 2021

လက်ကားလုပ်ငန်းကြီး  Metro AG  မြန်မာမှ ဆုတ်ခွာကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စားသောက်ကုန်ဝန်ဆောင်မှုကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ချက် ချမှတ်ကြောင်း အသိပေး ကြေညာခဲ့ပါတယ်။ 

 Metro AG  လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုကို ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်မှ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် အစောပိုင်းမှ စ၍ ကိုဗစ်ကာကွယ်ရေး ကန့်သတ်တားမြစ်မှုများကြောင့်  Metro ရဲ့  အလားအလာ ထိခိုက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်စဉ်မှာ အကောင်းမြင်မျှော်မှန်းမှုများနဲ့ စတင်ခဲ့တယ်။ ယခုလို ရပ်ဆိုင်း ပိတ်သိမ်းဖို့ ဆုံးဖြတ်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်မှ စတင်ခဲ့တဲ့ Metro Myanmar က အရွယ်အစား သေးငယ်ပါတယ်။ e-commerce နဲ့ အိမ်တိုင်ရာရောက် ပေးပို့ခြင်းတို့ဖြင့် အွန်လိုင်းအခြေပြု လုပ်ကိုင်ခဲ့တယ်။ ခေတ်မီ သိုလှောင်ရုံက ကြမ်းခင်းဧရိယာ ၅,၉၀၀ ရှိပြီး သီလဝါအထူးစီးပွားရေးဇုန် Thilawa Special Economic Zone (TSEZ) မှာ တည်ရှိပါတယ်။ 
လောလောဆယ်မှာ စားသုံးသူ ၇,၅၀၀ ဝန်းကျင်ကို ဝန်ဆောင်မှု ပေးနေပြီး ၂၀၁၉-၂၀ မှာ ဝန်ထမ်းအင်အား ၁၃၁ ဦး ရှိပါတယ်။ နှစ်စဉ်အရောင်းပမာဏ ယူရို ၇ သန်း ရှိခဲ့ပါတယ်။ 
 

Local News Read 282 times