မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှ မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၂ သန်းခန့် ရရှိ


19 December, 2017

မြန်မာနိုင်ငံမှ မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှစီမံကိန်း ၁၀ ခုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်းခန့်ကို ရရှိခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် တာ့လီမြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ဒီဇင်ဘာလ ၁၈ ရက်တွင် သိရပါသည်။

မြန်မာနိုင်ငံအတွက် ဆောင်ရွက်မည့် စီမံကိန်း ၁၀ ခုတွင် ပြည်ထဲရေးဝန်ကြီးဌာနအတွက် စီမံကိန်းတစ်ခု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအတွက်စီမံကိန်းနှစ်ခု၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အတွက် စီမံကိန်းငါးခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် စီမံကိန်းတစ်ခုနှင့် ပညာရေးဝန်ကြီးဌာနအတွက်စီမံကိန်းတစ်ခုတို့ ပါဝင်ကြောင်း သိရပါသည်။

မဲခေါင်-လျန်ချန်းပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနို်င်ငံ၌ ကျင်းခဲ့သည့် ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ တရုတ်ဝန်ကြီးချုပ်ကကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် မဲခေါင်ခြောက်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု ယန္တရားသစ်တစ်ရပ်ကို စတင်ထူထောင်ရန်အဆိုပြုချက်အရ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

အဆိုပါအစည်းအဝေးတွင် မဲခေါင်နိုင်ငံများ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် တရုတ်နိုင်ငံက မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့်မတည်ပေးခဲ့ကြောင်း သိရပါသည်။

Source:pyi myanmar

Local News Read 667 times