မာရူဘီနီ ကော်ပိုရေးရှင်း အိန္ဒိယတွင် အဆင့်မြင့်နည်းပညာ စက်မှုဥယျာဉ် ရူပီး ၁၀,၈၀၀ ကုဋေ ရင်းနှီးမြှုပ်


01 August, 2023

မာရူဘီနီ ကော်ပိုရေးရှင်း အိန္ဒိယတွင် အဆင့်မြင့်နည်းပညာ စက်မှုဥယျာဉ် ရူပီး ၁၀,၈၀၀ ကုဋေ ရင်းနှီးမြှုပ်နှံရန် အဆိုပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဂျပန်လုပ်ငန်းစုကြီး တစ်ခုဖြစ်သည့် မာရူဘီနီ ကော်ပိုရေးရှင်းသည် Karnataka ပြည်နယ် Kolar ခရိုင်ရှိ မြေ ၇၂၀ ဧကပေါ်တွင် အဆင့်မြင့်နည်းပညာ စက်မှုဥယျာဉ်တစ်ခု တည်ထောင်ရန် ရူပီး ၁၀,၈၀၀ ကုဋေ ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည်။
ကနဦး ရင်းနှီးမြုပ်နှံမှုမှာ ရူပီး ၂,၈၀၀ ရှိပြီးရူပီး ကုဋေ ၈၀၀၀ ထပ်မံ ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။
စီမံကိန်းပြီးစီးသည့်အခါ အဆင့်မြင့်နည်းပညာ စက်မှုဥယျာဉ်တွင် အလုပ်အကိုင် ၄ သောင်း ရရှိမည် ဖြစ်သည်။
Marubeni Corporation သည် တရုတ်၊ ထိုင်းနှင့် ဖိလစ်ပိုင်စသည့် နိုင်ငံများတွင် အဆင့်မြင့်နည်းပညာ စက်မှုဇုန်များ ရှိပြီးဖြစ်သည်။ လက်ရှိတွင် အင်ဒိုနီးရှား၊ မြန်မာနှင့် ဗီယက်နမ်တို့တွင် အလားတူ ရင်းနှီးမြှုပ်နှံမှုများကို စူးစမ်း‌လေ့လာနေပါသည်။

တိုကျိုအခြေစိုက် မာရူဘီနီ ကော်ပိုရေးရှင်းနှင့် ၎င်း၏လုပ်ငန်းခွဲများသည် လုပ်ငန်းကဏ္ဍ အမျိုးစုံ လုပ်ကိုင်ပါသည်။ ဘဝစတိုင်၊ အိုင်တီဖြေရှင်းနည်းများ၊ အစားအစာ၊ လယ်ယာစီးပွားရေး၊ သစ်တောထွက်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ သတ္တုနှင့် ဓာတ်သတ္တုအရင်းအမြစ်များ၊ စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ အခြေခံအဆောက်အဦ၊ လေကြောင်းနှင့် ရေကြောင်း၊ ငွေကြေး၊ အငှားနှင့် အိမ်ခြံမြေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စက်မှုစက်ပစ္စည်းများနှင့် ရွေ့လျားသွားလာမှု အစရှိသည့်ကဏ္ဍများကို လုပ်ကိုင်ပါသည်။

Source thehindu
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 271 times