မန္တလေးမြို့တွင် နိုင်ငံတကာကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ် ကျင်းပမည်


13 March, 2019

မန္တလေးမြို့ဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် အဓိကအချက်အချာကျတဲ့ နေရာမှာရှိနေပြီး စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလုပ်ကိုင်မယ့် နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် မန္တလေးမြို့ဟာ OBOR (One Belt One Road)   မှာ    အဓိကကျတဲ့ဇုန် တစ်ခုလည်းဖြစ်ပါတယ်။

ကုန်သွယ်မှု၊   ခရီးသွားလုပ်ငန်းတွေမှာ    အလားအလာကောင်းတဲ့ မြို့တစ်ခု  ဖြစ်တဲ့အတွက်   ဒီအလားအလာတွေကို    ပြည်တွင်း၊   ပြည်ပက   ကုန်သည်တွေ   သိရှိပြီး    စီးပွားရေးအခွင့်အရေးတွေ ပိုမိုသိရှိစေဖို့ Mandalay Interna-tional Trade Fair & Business Forum  ကို မတ်လ ၂၃    ရက်ကနေ    ၂၅    ရက်အထိ    မန္တလေး ကွန်ဗန်းရှင်းစင်တာမှာ      ကျင်းပမှာဖြစ်ပါတယ်။

ယခုလို စီးပွားရေးဖိုရမ်ကို ကျင်းပလိုက်ခြင်းအားဖြင့် ကုန်သည်အချင်းချင်းချိတ်ဆက်မှု ရရှိစေပြီး  ကုန်သွယ်မှုအတွက် မန္တလေးမြို့ဟာ အလားအလာကောင်းတဲ့ မြို့ဖြစ်ကြောင်းကို     ပိုမိုသိရှိစေမှာဖြစ်ပါတယ်။

အဆိုပါပွဲမှာ    ပြည်တွင်း၊   ပြည်ပကုန်သည်များ   လာရောက်ပြသရောင်းချနိုင်မယ့်   ဆိုင်ခန်းပေါင်း ၁၄၇  ခန်းပါဝင်မှာ ဖြစ်ပါတယ်။ ပြည်ပက   ပြခန်းအနေနဲ့  တရုတ်နိုင်ငံ ထုတ်ကုန်ပြခန်း၊   အိန္ဒိယနိုင်ငံထုတ်ကုန်ပြခန်း၊    ထိုင်းနိုင်ငံထုတ်ကုန်ပြခန်းနဲ့   တရုတ်ကုန်သည်ကြီးများအသင်းပြခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

ပြည်တွင်းပြခန်းအနေနဲ့    ကျောက်မျက်ရတနာပြခန်း၊   စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေး၊ အထည်အလိပ်ရက်ကန်းလုပ်ငန်း၊ မော်တော်ယာဉ်၊ ပုံနှိပ်လုပ်ငန်း   စတဲ့  လုပ်ငန်းတွေ ပါဝင်ပြသမှာဖြစ်ပါတယ်။

Mandalay International Trade Fair   &    Business    Forum  ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုုပ်နှံမှုနဲ့ ကုမ္ဗဏီများ ညွှန်ကြားမှုဦးစီးဌာနတို့ရဲ့ လမ်းညွှန်ဦးဆောင်မှုနဲ့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း    (MRCCI) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။

Kumudranews

Events & Exhibition Read 520 times