Mandalay Capital Co., Ltd ၏ Money Changer License ရုပ်သိမ်း


04 January, 2023

Mandalay Capital Co., Ltd ၏ Money Changer License ရုပ်သိမ်း

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Mandalay Capital Co., Ltd ၏ Money Changer License ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါသည်ကို ဖော်ပြအပ်ပါသည်။



၁။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ် သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းအောက်မှမဟုတ်ဘဲ သီးခြားကုမ္ပဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူ ချမှတ် ထားပါသည်။

၂။           မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် Mandalay Capital Co., Ltd သို့ On-site သွားရောက် စစ်ဆေးရာတွင် အဆိုပါကုမ္ပဏီအမည်ဖြင့် Money Changer လုပ်ငန်းကိုလည်းဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။   

၃။       သို့ဖြစ်ပါ၍ Mandalay Capital Co., Ltd သည် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မူအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၂၈-၂-၂၀၂၂) ရက်နေ့တွင် ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်၊ စီဘီအမ်-အက်ဖ်အီးအမ်ဒီ-၅၃၇/၂၀၂၂ အား (၃ - ၁ - ၂၀၂၃) ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်သည်။
 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 211 times