မလေးရှား နှစ် ၂၀ ပရီမီယံဗီဇာ ၂ ဦး အတည်ပြု


29 May, 2023

မလေးရှား နှစ် ၂၀ ပရီမီယံဗီဇာ ၂ ဦး အတည်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများကို နှစ် ၂၀ အထိ နေထိုင်ခွင့်ပြုမည့် ပရီမီယံဗီဇာအစီအစဉ်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောက်တိုဘာလတွင် လျှောက်လွှာများ စတင်လက်ခံခဲ့သည်။ ယခုအထိ လျှောက်ထားသူ ၂၈ ဦး ရှိသည်။
.
စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ Golden Visa ကဲ့သို့သော နိုင်ငံအတွင်း အခြေချနေထိုင်ရန် ချမ်းသာသော ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရန် မျှော်လင့်ချက် ထားရှိသည့် ဗီဇာအမျိုးအစား ဖြစ်သည်။
ယခုနှစ်အတွင်း ပရီမီယံဗီဇာအစီအစဉ်မှ ရင်းဂစ် သန်း ၂၀၀ (ကန်ဒေါ်လာ ၄၄.၈ သန်း) ရရှိရန် မျှော်လင့်ထားသည်။
 .
အစီအစဉ်အတွက် အရည်အချင်းပြည့်မီရန် နိုင်ငံခြားသားများသည် ၎င်းတို့၏ ဘဏ်အကောင့်တွင် အနည်းဆုံး ရင်းဂစ် ၁ သန်းရှိရန် လိုအပ်ပါသည်။ ၎င်းငွေကို အိမ်ရာပိုင်ဆိုင်မှု ဝယ်ယူရန် သို့မဟုတ် ဆေးနှင့်ပညာရေးကုန်ကျစရိတ်များအတွက် တစ်နှစ်အကြာတွင် ၅၀%အထိကိုသာ ထုတ်ယူခွင့်ပြုပါသည်။
ထို့ပြင် မလေးရှားပြည်ပတွင် ဝင်ငွေ တစ်နှစ်လျှင် ရင်းဂစ် ၄၈၀,၀၀၀ ရရှိရမည်။

ဗီဇာ အောင်မြင်သော လျှောက်ထားသူများသည် ၎င်းတို့၏ အိမ်ထောင်ဖက်များ၊ သားသမီးများ၊ မိဘများ၊ ယောက္ခမများနှင့် အိမ်အကူများအား မှီခိုသူများအဖြစ် မလေးရှားသို့ အတူတကွ  ခေါ်ထားခွင့်ရှိသည်။
 လျှောက်ထားသူသည် ပါဝင်ကြေး ရင်းဂစ် ၂ သိန်း တစ်ကြိမ် ပေးဆောင်ရမည်ဖြစ်ပြီး မှီခိုသူ တစ်ဦးစီအတွက် ရင်းဂစ် ၁ သိန်း တစ်ကြိမ်စီ ကောက်ခံမည်ဖြစ်သည်။
.
မလေးရှား ပြည်ထဲရေးဝန်ကြီး  Saifuddin Nasution Ismail က လျှောက်ထားသူ ၂ ဦးကို အတည်ပြုပေးပြီးဖြစ်ကြောင်း၊ ကျန်လျှောက်လွှာများကို ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ကြောင်း မေလ ၂၅ ရက်တွင် ပြောကြားပါသည်။
 Source FMT
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Laws and Regulations Investment/Divestment Read 654 times