ကမ္ဘာ့ပထမဆုံး စားအုန်းဆီ အွန်လိုင်းဈေးခင်း စတင်


10 March, 2022

ကမ္ဘာ့ပထမဆုံး စားအုန်းဆီ အွန်လိုင်းဈေးခင်း စတင်

မလေးရှားမှ နည်းပညာလုပ်ငန်း DiBiz က စားအုန်းဆီအတွက် ကမ္ဘာ့ပထမဆုံး အွန်လိုင်းဈေးခင်း online marketplace ကို မတ်လ ၈ ရက်မှာစတင်ခဲ့ပါတယ်။


 
 ရောင်းဝယ်ဖောက်ကားတဲ့ ပလက်ဖောင်းကို  Trustparent Marketplace လို့ အမည်ပေးထားပါတယ်။ စားအုန်းဆီ ရောင်းသူများနဲ့ ဝယ်သူများကို ချိတ်ဆက်ပေးဖို့ ပလက်ဖောင်း ဖြစ်ပါတယ်။
Trustparent Marketplace မှာ လာပြီး  ရောင်းသူအနေဖြင့် သူရောင်းချတဲ့ စားအုန်းဆီက  certified sustainable palm oil (CSPO) ဖြစ်ဖို့ လိုပါတယ်။ 
ထို လက်မှတ် ရရှိဖို့ ထုတ်လုပ်မှုမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ ထုတ်လုပ်ထားတဲ့ဆီ ဖြစ်ရပါမယ်။ လုပ်သားများကို မတရားသဖြင့် စေခိုင်းခြင်း ကင်းရပါမယ်။ ဒေသခံတို့ရဲ့ နေထိုင်မှုဘဝများကို ထိခိုက်ခြင်း ကင်းရမယ် စတဲ့အချက်များ ပြဋ္ဌာန်းထားပါတယ်။ 
 
 ဆီအုန်းစိုက်ခင်းများ လျင်မြန်စွာ တိုးချဲ့စိုက်ပျိုးနေကြချိန်မှာ စိုက်ခင်းကြောင့် တောပြုန်းတယ်ဆိုတဲ့ စွပ်စွဲမှုများ ရှိနေပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း စိုက်ခင်းတွေမှာ ရှိနေတယ်။အဲဒီအတွက်ကြောင့် စားအုန်းဆီကို သပိတ်မှောက်ဖို့ လှုံဆော်မှုများလည်း ရှိနေပါတယ်။
 စားအုန်းဆီလုပ်ငန်းမှ တာဝန်ရှိသူများက အဆိုပါလှုပ်ရှားမှုများသည်  certified sustainable palm oil (CSPO) ဈေးကွက် ဖွံ့ဖြိုးရေးကို အဟန့်အတား ပြုရာရောက်ကြောင်း ပြောကြားကြပါတယ်။
ကမ္ဘာ့စားအုန်းဆီ အမျိုးမျိုး ထုတ်လုပ်မှု စုစုပေါင်းပမာဏရဲ့ ၂၉.၃% ဖြစ်တဲ့ တန်ချိန် ၁၄.၆ သန်းအတွက်သာ Roundtable of Sustainable Palm Oil (RSPO) အသိအမှတ်ပြု လက်မှတ် ရရှိထားပါတယ်။

ကမ္ဘာပေါ်မှာ ဆီအုန်းစိုက်ခင်း အများဆုံး စိုက်ပျိုးတဲ့ ၂ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနှင့် မလေးရှား တို့မှ ထုတ်လုပ်သူများက CSPO အသိအမှတ်ပြုလက်မှတ် ရရှိဖို့ သတ်မှတ်ချက် များကို ဖြည့်ဆီးဖို့အတွက် ဒေါ်လာသန်းချီ ကုန်ကျမှာဖြစ်လို့ စားအုန်းဆီတွေ ဈေးကြီးကုန်မယ်လို့ ထောက်ပြကြပါတယ်။

DiBiz ပူးတွဲထူထောင်သူနှင့် စီအီးအို U.R. Unnithan က"Amazon မှာ ရောင်းကြဝယ်ကြတဲ့အတိုင်း စားအုန်းဆီကို Trustparent Marketplace မှာ လာပြီး ရောင်းကြဝယ်ကြလို့ ရပါတယ်" လို့ ရိုက်တာ သတင်းဌာနကို ရှင်းပြပါတယ်။ သူက မလေးရှား ဘိုင်အိုဒီဇယ်အသင်း Malaysian Biodiesel Association ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

Trustparent Marketplace  မှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါတယ်။ 
အောက်ဖော်ပြပါ link   မှာ လုပ်ဆောင်နိုင်ပါတယ်။
https://dibizglobal.com

Trustparent Marketplace  သုံးစွဲခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများနှင့် အားသာချက်များကို အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။ 

 

 

Agriculture & Livestock Read 1633 times