မလေးရှားသို့ အိန္ဒိယကြက်ဥ အလုံးရေ သန်းချီ တင်ပို့


28 January, 2023

မလေးရှားသို့ အိန္ဒိယကြက်ဥ အလုံးရေ သန်းချီ တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယနိုင်ငံသည် မလေးရှား နိုင်ငံသို့ ကြက်ဥ အလုံးရေ သန်း ၅၀ တင်ပို့ရန် စီစဉ်နေသည်။ 

ယခင်က မလေးရှားနိုင်ငံသည် ကြက်ဥကို စင်ကာပူသို့ တင်ပို့နေသည့် နိုင်ငံ ဖြစ်ခဲ့ပြီး ယခုအခါ မ‌လေးရှားနိုင်ငံတွင် ကြက်စာ ဈေးနှုန်းများ မြင့်တက်နေသဖြင့် ဥစားကြက်မွေးမြူသူများတွင် အငယ်စားလုပ်ငန်းရှင်များ အများအပြားတို့ ဆက်လက်မွေးမြူနိုင်ခြင်း မရှိတော့သဖြင့် ကြက်ဥအထွက်နှုန်း လျော့ကျပြီး ကြက်ဥပြတ်လပ်မှုများ ဖြစ်ပေါ်နေသဖြင့် အိန္ဒိယကြက်ဥများ တင်သွင်းမည် ဖြစ်သည်။ 

အိန္ဒိယကြက်ဥ အဓိကဝယ်လက်များမှာ အိုမန်နိုင်ငံနှင့် ကာတာနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများ ဖြစ်သည်။ ယခုအခါ မလေးရှားနိုင်ငံမှ အမှာစာ အများအပြားကို အိန္ဒိယနိုင်ငံက လက်ခံရရှိထားသည်။ 

မလေးရှားနိုင်ငံတွက် ကြက်ဥဈေးနှူန်းများ စံချိန်တင် မြင့်တက်နေသဖြင့် မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီး Mohamad Sabu သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး  ကြက်မွေးမြူရေးလုပ်ငန်းများ တည်ရှိရာ တမီးနာဒူးပြည်နယ် Namakkal တွင် ကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ 

"ပထမဆုံးအကြိမ်အနေနဲ့ မလေးရှားက အိန္ဒိယထံမှ ကြက်ဥအမြောက်အမြားကို ဝယ်ယူနေပါတယ်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ မလေးရှားနိုင်ငံကို အိန္ဒိယကြက်ဥတွေ အမြောက်အမြား တင်ပို့ပါမယ်"ဟု Namakkal အခြေစိုက် အိန္ဒိယ၏ ကြက်ဥ တင်ပို့သည့် လုပ်ငန်းကြီး Ponni Farms မှ မန်နေဂျင်း ဒါရိုက်တာ Sasti Kumar က ရိုက်တာသတင်းဌာနကို ပြောကြားသည်။ 

 

 

ဒီဇင်ဘာလတွင် အိန္ဒိယကြက်ဥ အလုံးရေ ၅ သန်း တင်ပို့ခဲ့သည်။ ၂၀၂၃ ဇန်နဝါရီလတွင် ကြက်ဥ အလုံးရေ ၁၀ သန်း တင်ပို့မည်။ ဖေဖော်ဝါရီလတွင် ကြက်ဥအလုံးရေ ၁၅ သန်း တင်ပို့မည်ဖြစ်ကြောင်း Kumar က ပြောကြားသည်။ 

နိုင်ငံအများအပြားတို့တွင် ကြက်ငှက်တုပ်ကွေးဟု ခေါ်ကြသည့် avian influenza ကူးစက်ရောဂါကြောင့် ကြက်ဥ ထုတ်လုပ်မှု အကြီးအကျယ် လျော့ကျသည်။ 

 

 

 

မလေးရှားတွင် ၂၀၂၂ ဒီဇင်ဘာလမှာ ကြက်ဥဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ပြီး အိန္ဒိယကြက်ဥများဖြင့် ဈေးထိန်းပေးခဲ့သည်။ 

ဥစားကြက်မွေးမြူသူများအား အစိုးရက ပေးအပ်သည့် အထောက်အပံ့များကိုလည်း တိုးမြှင့် ပေးခဲ့သည်။ လာမည့် လအနည်းငယ်အတွင်း အခြေအနေပြန်ကောင်းလာမည်ဟု မျှော်လင့်ကြောင်း မလေးရှားနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်းများ အသင်းချုပ် Federation of Livestock Farmers' Association of Malaysia ဥက္ကဋ္ဌ Tan Chee Hee က ပြောကြားသည်။ 

 

အိန္ဒိယတွင်လည်း အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်သဖြင့် ကြက်ဥများလည်း ဈေးတက်သည်။ ယခုအခါ ကြက်ဥ အလုံး ၁၀၀ ကို ရူပီ ၅၆၅ ပေါက်ဈေးရှိသည်။

အိန္ဒိယနိုင်ငံမှ ဥစားကြက်မွေးမြူရေး လုပ်ငန်း အသေးစားများသည်လည်း မလေးရှားနိုင်ငံ နည်းတူ  ကြက်စာဈေးမြင့်သဖြင့် အရှုံးပေါက်ကြသဖြင့် လုပ်ငန်းရပ်ထားကြရသည်။ 

Source: Reuters

Source: Mainichi Shimbun

TO GET INSTANT UPDATE  

Join Telegram Channel 

https://t.me/Guid4U

 

 

Agriculture & Livestock Export, Import Read 970 times