ပင်စင်လစာ မပေးသည့် မူဝါဒအသစ် မလေးရှား ကျင့်သုံးမည်


26 February, 2024

ပင်စင်လစာ မပေးသည့် မူဝါဒအသစ် မလေးရှား ကျင့်သုံးမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မလေးရှားအစိုးရသည် အငြိမ်းစားယူသူဦးရေ တိုးများလာသည့်အပြင် ပင်စင်စားတို့ အသက် ပိုရှည်လာခြင်းကြောင့် ဖြစ်ပေါ်နေသော ပင်စင်လစာ‌ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို ထပ်မတိုးစေရန်နှင့် လျှော့ချရန် အစိုးရဝန်ထမ်းအသစ်များအတွက် ပင်စင်လစာ ပေးအပ်ခြင်းကို ယခုနှစ်မှစ၍ ဖျက်သိမ်းရန် စီစဉ်ထားသည်။

 

ဇန်နဝါရီလက မလေးရှားဒုတိယဝန်ကြီးချုပ် Ahmad Zahid Hamidi က အစဉ်အလာ ပင်စင်စနစ်ကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့သည်။

အစိုးရဝန်ထမ်း အသစ်ခန့်အပ်ခံရသူများ Employers Provident Fund (EPF)  ပံ့ပိုးပေးမည်ဖြစ်သည်။

 

လက်ရှိ ဝန်ထမ်းများသည် ပင်စင်အစီအစဥ်နှင့် EPF နှစ်မျိုးအနက် နှစ်သက်ရာတမျိုးကို ရွေးချယ်ခွင့်ရှိသည်။

EPF သည် မစုမနေရ ငွေစုခြင်းနှင့် အငြိမ်းစားယူခြင်း အစီအစဉ်ဖြစ်သည်။ လုပ်သားများသည် ၎င်းတို့၏ လစဉ်လုပ်ခလစာ၏ ၁၁ ရာခိုင်နှုန်းကို စုဆောင်းကြရပြီး အလုပ်ရှင်များက အနည်းဆုံး လုပ်ခ၏ ၁၂ ရာခိုင်နှုန်းကို စုဆောင်းငွေအဖြစ် ပေးသွင်းကြရသည်။

၎င်းစုဆောင်းငွေကို အသက်  ၅၅ နှစ်မှစ၍ အကုန်လုံး ပြန်ထုတ်ယူခွင့် ရှိသည်။

အစိုးရ၀န်ထမ်းအသစ်များနှင့် နိုင်ငံရေးသမားများအတွက် ပင်စင်လစာများ ဖျက်သိမ်းခြင်းသည် အနာဂတ်တွင် အစိုးရ၏ ဒေဝါလီခံမှုကို ရှောင်ရှားရန် အထောက်အကူဖြစ်စေကြောင်း ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားသည်။

  

ပင်စင်လစာငွေ စုစုပေါင်း ပမာဏသည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တိုးများလာပြီး ထပ်တိုးနေဦးမည်ဟု ခန့်မှန်းထားသည်။

ပင်စင်လစာငွေ စုစုပေါင်း ပမာဏသည် ၂၀၁၀ ပြည့်နှစ်တွင် တနှစ်တာအတွက် ရင်းဂစ် ၁၁ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ရင်းဂစ် ၃၁ ဘီလီယံ ရှိသည်အထိ များလာသည်ဟု Ahmad Zahid က ပြောကြားသည်။ 

၂၀၄၀ ပြည့်နှစ်ရောက်သည့်အခါ၌ ရင်းဂစ် ၁၂၀ ဘီလီယံ (ကန်ဒေါ်လာ ၂၅ ဒသမ ၂ ဘီလီယံ) ရှိမည်ဟု ၎င်းက ပြောကြားသည်။

 

• မူဝါဒအသစ်သည့် အလုပ်ခန့်အပ်ထားပြီးသား ဝန်ထမ်းများ အကျုံးမဝင်ပါ။

 

• မလေးရှား နိုင်ငံတွင် အစိုးရဝန်ထမ်း ၁.၇ သန်း ရှိပြီး အများစုမှာ မလေးလူမျိုး ဖြစ်ပါသည်။ 

 

•ပင်စာစားများတွင် ၇၁% သည် မလေးလူမျိုး ဖြစ်ပါသည်။ တရုတ်လူမျိုး ၁၃% နှင့် အိန္ဒိယလူမျိုး ၇.၈% ရှိပါသည်။ 

 

• ပင်စင်လစာအတွက် အရည်အချင်းပြည့်မီသော ဝန်ထမ်းသည် အနည်းဆုံး လုပ်သက် ၁၀ နှစ် တာဝန်ထမ်းဆောင်ရန် လိုအပ်သည်။ ပင်စင်လစာမှာ ပင်စင်မယူခင် နောက်ဆုံး ရရှိသည့် လစာ၏ ၂၀% ဖြစ်ပါသည်။

 

• လုပ်သက် ၃၀ နှစ် ရှိသူဆိုပါက နောက်ဆုံးလစာ၏ ၆၀% ကို ပင်စင်လစာအဖြစ် ခံစားခွင့် ရှိပါသည်။

 

• အနည်းဆုံး လုပ်သက် ၃၅ နှစ် ရှိသူအတွက် အနိမ့်ဆုံး လစဉ်ပင်စင်ပမာဏမှာ ရင်းဂစ် ၁,၀၀၀ ဖြစ်ပါသည်။

 

• ပင်စင်လစာအပြင် လုပ်သက်အပေါ် မူတည်ပြီး လုပ်သက်ဆုကြေး ခံစားခွင့် ရှိပါသည်။

 

 

ယေဘုယျအားဖြင့် အစိုးရဝန်ထမ်း လစာသည် အဆင့်တူ ကုမ္ပဏီဝန်ထမ်း လစာထက် နည်းပါသည်။ သို့သော် အချိန်တန်လျှင် ပင်စင်လစာ ရရှိမည်ကို မျှော်ကိုးပြီး အစိုးရဝန်ထမ်း ဝင်လုပ်သူများ အများအပြား ရှိနေပါသည်။ 

Source FMT 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Laws and Regulations Read 245 times