မလေးရှား ဧပြီလကုန် စားအုန်းဆီလက်ကျန် မြင့်တက်


06 May, 2022

မလေးရှား ဧပြီလကုန် စားအုန်းဆီလက်ကျန် မြင့်တက် 

 

မလေးရှား ဧပြီလကုန် စားအုန်းဆီလက်ကျန် ပမာဏ ဇန်နဝါရီလနောက်ပိုင်း အများဆုံးအဖြစ် မြင့်တက်နိုင်တယ်လို့ မေလ ၆ ရက် သောကြာနေ့ ထုတ်ပြန်တဲ့ Reuters သတင်းမီယာ စစ်တမ်းမှာ ခန့်မှန်းထားပါတယ်။ Reuters က စိုက်ခင်းလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် လေ့လာဆန်းစစ်သူများကို မေးမြန်းထားတဲ့ စစ်တမ်းဖြစ်ပါတယ်။ 

Malaysian Palm Oil Board  က နောက်ဆုံးရ ကိန်းဂဏန်း အချက်အလက်များကို မေလ ၁၀ ရက်မှာ ထုတ်ပြန်ပေးပါမယ်။

ဧပြီလကုန် စားအုန်းဆီလက်ကျန် တန်ချိန် ၁.၅၅ သန်း ရှိမယ်လို့ စစ်တမ်းက ခန့်မှန်းထားပါတယ်။ မတ်လ လက်ကျန်ထက် ၅.၂% ပိုများပါတယ်။ 

ထုတ်လုပ်မှု ပိုများခြင်းအပြင် တင်သွင်းမှုလည်း ပိုများခဲ့ပါတယ်။ 

မလေးရှားနိုင်ငံက အင်ဒိုနီးရှား၊ ပါပူးဝါးနယူးဂီနီ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘီနင် အစရှိတဲ့ နိုင်ငံများထံမှ စားအုန်းဆီ တင်သွင်းပါတယ်။ စားအုန်းဆီတင်သွင်းတဲ့ပမာဏကို အများဆုံးမှ အနည်းဆုံးသို့ တန်းစီလိုက်ရင် မလေးရှားက နံပါတ် ၉ ဝန်းကျင်မှာ ရှိပါတယ်။ 

စားအုန်းဆီ တင်ပို့မှုမှာ မလေးရှားက ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တကယ်လို့ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ တင်ပို့မှုများ လုံးဝပိတ်ပင်ထားတဲ့ မူဝါဒဆက်လက်ကျင့်သုံးရင် မလေးရှားက အင်ဒိုနီးရှားရဲ့အများဆုံး တင်ပို့တဲ့နိုင်ငံ ပထမနေရာကို ရရှိမှာ ဖြစ်ပါတယ်။

၂၀၂၂ ဧပြီလမှာ မလေးရှားနိုင်ငံက စားအုန်းဆီ တန်ချိန် ၁.၂ သန်း တင်ပို့ခဲ့ပြီး တန်ချိန် ၉၅,၀၀၀ တင်သွင်းခဲ့ပါတယ်။

စားအုန်ဆီ ဈေးနှုန်းများ မြင့်တက်လို့ အိန္ဒိယနှင့် ဥရောပတို့ ဝယ်လိုအား အားပျော့နေပြီး တရုတ်နိင်ငံမှာ ကိုဗစ်-၁၉ လော့ဒေါင်းချထားတွေကြောင့် ဝယ်လိုအား ယုတ်လျော့နေပါတယ်။ အဝယ် မလိုက်တာ‌ေကြာင့် မလေးရှား စားအုန်းဆီ တင်ပို့မှုများ လျော့ကျနေပါတယ်။
 
အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု ရပ်ဆိုင်းထားတာကြောင့် ဈေးကွက်ထဲ စီးဝင်မှု တန်ချိန် ၁.၃~၁.၅ သန်း လျော့ကျသွားတဲ့အတွက် ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု စတင်ချိန်ကျမှ မလေးရှား စားအုန်းဆီ ရောင်းအား ပိုများပြီး တင်ပို့မှု ပိုများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Agriculture & Livestock Export, Import Read 1436 times