သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် အဆင့်မြင့်လက်ကားဈေးကြီးဖွင့်လှစ်


31 January, 2018

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်ချိန်း ပတ်ဘလစ်လီမိတက် (MAEX)တို့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့်ပန်းမန် အဆင့်မြင့်လက်ကားစျေးသစ်ကြီးကို ယနေ့နံနက်စောစောပိုင်းက ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေး လိုက်ပြီဖြစ်သည်။

စျေးကြီးအဝင် မုခ်ဦး မျက်နှာစာတွင် တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားစျေးသစ်ကြီး ဆိုင်းဘုတ်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် MAEX ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် ကော်မတီဝင်များ၊MAEXဒါရိုက်တာ အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

စျေးကြီး၏ ကမ္ပည်းပြားမော်ကွန်းကို ဝန်ကြီးချုပ် နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့က ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တညင်း ကုန်းလက်ကားစျေးသစ်ကြီးရှိ စျေးရုံ အမှတ်-၂ တောင်သူလက်လီရောင်း စျေးရုံ၊ စျေးရုံအမှတ်-၂ သစ်သီးလက်ကား စျေးရုံ၊ စျေးရုံ အမှတ်-၃ ကုန်မျိုးစုံနှင့် စားသောက်ဆိုင်တို့ရှိ စျေးရောင်းချနေမှုများကိုကြည့်ရှုကာ စျေးသူ စျေးသား များအား အားပေးစကား ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စျေးရုံအမှတ်-၇ အအေးခန်း၊ အလတ်စားပွဲရုံ၊ အဆောက်အအုံစတင် ဆောက်လုပ်မည့်မြေနေရာတွင် စက်ခလုတ်နှိပ်၍ မင်္ဂလာပိုင်တိုင် ရိုက်နှိပ်ပေးခဲ့သည်။

စျေးကြီးဖွင့်လှစ်ခြင်းအခမ်း အနားကို အမှတ်-၂ တောင်သူလက်လီ ရောင်းစျေးရုံကြီး၌ ဆက်လက်ကျင်းပခဲ့ပါသည်။

 စီမံကိန်းဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်တွင် တင်ဒါခေါ်ယူခဲ့သောစျေးကြီးဖြစ်၍ စျေးကြီးကို တည်ဆောက်မယ့်အချိန်ကာလမှာ အစိုးရသစ် တာဝန်ယူတဲ့ကာလဖြစ်ပြီး စျေးကြီးနှင့်ပတ်သက်၍ နိုင်ငံတကာခရီးစဉ်တွေသွားတိုင်း စျေးတွေကိုဝင်ရောက်ကြည့်ရှုလေ့ရှိပါသည်။

ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှာနေတဲ့ မြို့တော်သူ မြို့တော်သားတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးလိုခြင်းဖြစ်ပြီး လေ့လာတဲ့အခါမှာ စျေးတွေရဲ့ အောင်မြင်မှုကို အပိုင်းနှစ်ပိုင်း တွေ့ရပါသည်။

စျေးကြီးတစ်ခုကို သန့်ရှင်းလှပအောင် ရောင်းဝယ်သူတွေ လာရောက်နိုင်အောင်၊ ယာဉ်တွေရပ်နားနိုင်အောင် တည်ဆောက်ပေးကြပြီး စျေးကြီးတစ်စျေးကို အမြဲတမ်းရှင်သန် ဖွံ့ဖြိုးနေအောင် ဆောင်ရွက်တဲ့ operator တွေ လိုအပ်တာကြောင့် တညင်းကုန်းစျေးကြီးကို operator တစ်ခုကနေ ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရဲ့ စျေးပေါင်း ၁၇ဝ ကျော် ကိုလည်း သစနမအေသမတွေနဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

၎င်းစျေးကြီးမှာ အကျယ်အဝန်း ၈၂ ဒသမ ရ၈ ဧကရှိပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ကာ ဆိုင်ခန်းပေါင်း ၅၆ဝဝ ပါဝင်သော စျေးရုံ သုံးရုံကို ပထမဆင့် တည်ဆောက်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

အစုရှယ်ယာရှင်၂ဝဝဝ ကျော်၏ ရင်းနှီးမြှုပ်နှံမှုအပါအဝင် ငွေ၂၅ ဘီလီယံ သုံးစွဲထားပြီး ၂ဝ၁၉ ခုနှစ်အကုန် လုပ်ငန်းအားလုံးပြီးစီးချိန် ဆိုင်ခန်းပေါင်း ၉ဝဝဝ ကျော်ရှိကာ ရင်းနှီးမြှုပ်နှံကုန်ကျမှု ငွေ ၉၉ ဒသမ ၈ ဘီလီယံရှိမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းများကို အငှားစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် အများပိုင်MAEXကုမ္ပဏီအနေဖြင့် ရန်ကုန် စတော့အိတ်ချိန်းတွင် ဝင်ရောက်ကာ အစုရှယ်ယာများ ရောင်းချသွားနိုင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကိုလည်း ပြုလုပ်ခဲ့ပါသည်။

Local News Events & Exhibition Read 807 times