မြဝတီနယ်စပ် မဲဆောက်တွင် ကာစီနို ဖျော်ဖြေရေးရုံ  လုပ်ကိုင်ရန် အဆင်သင့်ဖြစ်ဟု တင်ပြ


13 June, 2022

မြဝတီနယ်စပ် မဲဆောက်တွင် ကာစီနို ဖျော်ဖြေရေးရုံ  လုပ်ကိုင်ရန် အဆင်သင့်ဖြစ်ဟု တင်ပြ

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်သည် မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ဖျော်ဖြေရေး စင်တာတစ်ခု လက်ခံကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်း မြဝတီတွင် ဖွင့်လှစ်ထားသည့် အလားတူ အဆောက်အအုံနှင့် ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု အမျိုးသားလွှတ်တော် ကော်မတီထံမှ သိရသည်။

Thepthai Senapong  မဲဆန္ဒနယ် ဒီမိုကရက်တစ်အမတ်ဟောင်းဖြစ်သူ Nakhon Si Thammarat ဖျော်ဖြေရေး အဆောက်အဦ ဖွင့်လှစ်နိုင်ခြေကို လေ့လာသည့် ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ခရိုင်အနေဖြင့် ကာစီနိုလောင်းကစားရုံကို ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဟု ၎င်းက ဆိုသည်။

ပြည်နယ်ဌာနဆိုင်ရာတို့က ခရိုင်သို့သွားရောက်ခဲ့ပြီ ဖျော်ဖြေရေးအဆောက်အဦအပေါ် ဒေသခံတို့၏ ထင်မြင်ယူဆချက်များကို သိနုိင်ရန် ရည်ရွယ်သည့် ဖိုရမ်တစ်ခု ကျင်းပခဲ့ပြီး ကော်မတီသို့ အစီရင်ခံသည်။

အဆိုပါဖိုရမ်ကို အတည်ပြု ခွင့်ပြုချက် ရပြီးသောအခါ စီမံကိန်းတွင် တိုက်ရိုက်ပါဝင်ရမည့် ဒေသဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် ဒေသဆိုင်ရာ ခေါင်းဆောင်များသာ တက်ရောက်ခဲ့ပါသည်။
Bhumjaithai ပါတီ ပါလီမန်အမတ် Boonlue Prasertsopar သည် ကော်မတီ၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ သူက ဖိုရမ်သည် အကြိုကြားနာမှုသာဖြစ်သောကြောင့် အစိုးရအဖွဲ့အစည်းများ တက်ရောက်ရန်အတွက်သာ ရည်ရွယ်ပါသည်ဟု ရှင်းပြသည်။လောလောဆယ်တွင် ဖြစ်နိုင်ခြေကို လေ့လာနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရားမဝင် လောင်းကစားမှု တားဆီးရေးအတွက် အဓိက ရည်ရွယ်ပြီး အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာ-ထိုင်း နယ်စပ်တလျှောက် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၏ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု Mr Boonlue က ပြောကြားပါသည်။


ယခုအချိန်တွင် မဲဆောက်ခရိုင်၏ အခြေခံအဆောက်အအုံသည် စီမံကိန်းအတွက် ပြီးပြည့်စုံနေသည်။ကုန်စည်ပို့ဆောင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဂိတ်များ မကြာသေးမီက အဆင့်မြှင့်တင်မှုခဲ့သည်။ ထို့အပြင်မောင်းခရိုင်နယ်စပ်သို့ အသစ်တည်ဆောက်ထားသော လေးလမ်းသွားလမ်း အပါအဝင် ၎င်းဧရိယာတစ်ဝိုက်၏ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများသည် စီမံကိန်းအတွက် ပြီးပြည့်စုံသည်ဟု   Mr Thepthai က ဆိုသည်။

နိုင်ငံတကာ ခရီးသွားများ လက်ခံနိုင်ရန် မဲဆောက်လေဆိပ်ကိုလည်း အဆင့်မြှင့်တင် ထားကြောင်း ၎င်းက ဆိုသည်။

သို့သော် အချို့သော နှောင့်နှေးနေစေသည့် အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသေးသည်ဟု ၎င်းက ဆိုသည်။

ဉပမာအားဖြင့် မဲဆောက်ခရိုင်ရှိ မြေအများစုကို နိုင်ငံတော်က ပိုင်ဆိုင်ထားသောကြောင့် ရင်းနှီးမြှုပ်နှံသူများသည် မြေကို မပိုင်ဆိုင်နိုင်တော့သဖြင့်  မက်စရာ အနည်းငယ်သာ ရှိကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် အဆိုပါဒေသရှိ မြေအများစုသည် စျေးကြီးပြီး စီမံကိန်းကုန်ကျစရိတ်များ မြင့်တက်စေကာ အဆိုပါ အဆောက်အအုံကို ဆောက်လုပ်ရန် ဧရိယာ ရိုင် ၃,၀၀၀ မှ ၅,၀၀၀ (ဧက ၁,၂၀၀ ~၂,၀၀၀)ခန့် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က မြန်မာနိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံသူများကို အလားတူဖျော်ဖြေရေးအ‌ဆောက်အဦကို အကောင်အထည် ဖော်ဆောင်ရန် ခွင့်ပြုခဲ့ပြီးနောက် အိမ်နီးချင်းနယ်စပ် ခရိုင်သည် မည်မျှ လျင်မြန်စွာ တိုးတက်လာသည်ကို တွေ့မြင်ခဲ့ရသောကြောင့် မဲဆောက်မြို့ခံအချို့က အဆိုပါ စီမံကိန်း အဆိုပြုချက်ကို ကြိုဆိုကြသည်ဟု Mr Thepthai က ပြောကြားသည်။

ယခု တွေ့ရှိချက်များ ကို ပြည်သူ့လွှတ်တော်နှင့်  အစိုးရထံ ကော်မတီက တင်ပြသွားမည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အောက်လွှတ်တော်သည် ကာစီနို-ဖျော်ဖြေရေး အဆောက်အအုံတစ်ခု တည်ထောင်ရန် အဆိုပြုချက်ကို အတည်ပြု‌ေပးခဲ့ပါသည်။


အလုပ်အကိုင်များ ဖန်တီးပေးကာ နိုင်ငံခြားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ အဆိုပါစီမံကိန်းကို စူးစမ်းလေ့လာရန် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း ၎င်းက ပြောကြားသည်။

အထူးကော်မတီက ဤကိစ္စကို လေ့လာရန်အတွက်  ဆပ်ကော်မတီ ငါးခုကို ဖွဲ့စည်းထားသည်ဟု မစ္စတာ Thepthai က ပြောကြားသည်။

  •  ပထမ ဆပ်ကော်မတီသည် နှီးနွှယ်ဥပဒေများနှင့် ဝင်ငွေနှင့် အခွန်ကောက်ခံမှုကို လေ့လာမည်ဖြစ်သည်။  
  •  ဒုတိယဆပ်‌ေကာ်မတီအနေဖြင့် အလားအလာရှိသော တည်နေရာများကို စူးစမ်းလေ့လာပြီး ဖျော်ဖြေရေး အဆောက်အဦ ဖွင့်လှစ်ရန်အတွက် အခြေအနေများကို လေ့လာမည်ဖြစ်သည်။
  • တတိယဆပ်ကော်မတီက ရင်းနှီးမြှုပ်နှံမှုနှင့် အဆောက်အဦပုံစံကို အာရုံစိုက်မည်ဖြစ်သည်။  စတုတ္ထဆပ်‌ေကာ်မတီသည် ဂိမ်း‌ေလာင်းကစားလုပ်ငန်းကို ကြည့်ရှုမည်ဖြစ်သည်။
  • ပဉ္စမဆပ်ကော်မတီသည် အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို မည်သို့မည်ပုံ ကာကွယ်ရမည် ဆိုသည်ကို  ဆန်းစစ်မည် ဖြစ်သည်။

#MyanmarIndustryGuide 
Source:bangkokpost.com

Local News Investment/Divestment Read 11288 times