Micro Empire မှ ပြုလုပ်ကျင်းပလျက်ရှိတဲ့ M-Biz Incubation Program အကြောင်း


06 March, 2017

Micro Empire သည် မြန်မာပြည်မှာရှိတဲ့ အသေးစားလုပ်ငန်းငယ်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ အတွက် လက်တွေ့ကျတဲ့ စီးပွားရေးနဲ့ ငွေကြေးစီမံခန့်ခွဲရေးအသိပညာ ပိုမိုတိုးပွားအောင် ကူညီပေးခြင်းဖြစ်ပါတယ်။

Micro Empire မှ ပြုလုပ်ကျင်းပလျှက်ရှိတဲ့ ပထမဦးဆုံး အတန်းကို တက်ရောက်မယ့် အထူးချွန်ဆုံး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ၈ ယောက်ဖြစ်ပါတယ်။

၎င်းတို့အနေဖြင့် ကျွမ်းကျင်သူများထံမှ သင်ယူရရှိခွင့်ရပြီး လုပ်ငန်းကိုလည်းချဲ့ထွင်၍ ရင်းနှီးမြုပ်နှံသူများ၏ နှလုံးသားများကို စိုးမိုးမယ့်သူများ ဖြစ်ပါတယ်။

M-Biz incubation program သည် လုပ်ငန်းသက်တမ်းနှစ်နှစ်နှင့်အထက် အတွေ့အကြုံရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။

သင်တန်းကာလ ၁၂ ရက်ကြာကာလမှာ လုပ်ငန်းရှင်တွေက မတူညီတဲ့ စီးပွားရေးနယ်ပယ်တွေမှာ လုပ်ကိုင်နေဆဲနှင့် အတွေ့အကြုံရင့် သင်တန်းဆရာတွေကပေးတဲ့ လမ်းညွှန်သင်ပြမှုတွေကို သင်ယူရပါတယ်။

သင်ယူလေ့လာရမယ့် ဘာသာရပ်တွေကတော့ စီးပွားရေးအစီအစဉ်ရေးဆွဲခြင်းနှင့် စီးပွားရေးပန်းတိုင်ရောက်အောင် ချမှတ်ခြင်း၊ အရောင်းမြှင့်တင်ရေးနှင့် ကုန်အမှတ်တံဆိပ်သိအောင်ပြုလုပ်ခြင်း၊ ကုန်ပစ္စည်းဒီဇိုင်းပြင်ဆင်ပုံ၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ လုပ်ငန်းစဉ်စီမံခန့်ခွဲခြင်း၊ လူ့အရင်းအမြစ်အသုံးပြု စီမံခန့်ခွဲခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့်သက်ဆိုင်သော ဥပဒေနှင့် စည်းကမ်းချက်များ၊ မိမိစီးပွားရေးလုပ်ငန်းအကြောင်းကို ရင်းနှီးမြှုပ်နှံသူများထံသို့ တင်ပြခြင်းအစရှိသည့်တို့ ပါဝင်ပါတယ်။

လက်ဦးမှုယူခဲ့သည့် Micro Empire သည် လူထုနှင့် စီးပွားရေးကဏ္ဍအပါအဝင် အသေးစား စီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပြီဖြစ်ပါတယ်။

Micro Empire မှ ပြုလုပ်ကျင်းပပေးလျှက်ရှိတဲ့ M-Biz Incubation Program အကြောင်းကို ၂၀၁၇ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁၂း၁၅ အထိ ကျင်းပခဲ့ပါတယ်။

Micro Empire မှ ရင်းနှီးမြှုပ်နှံဖို့အတွက် စီးပွားရေးလုပ်ငန်းရှင် ၃ ဦးကို သင်တန်းဆင်းပွဲနေ့တွင် ရွေးချယ်ပေးခဲ့ပါတယ်။ ယင်းတို့မှာ Mya Mya Thin (Nine Two Nine Co., Ltd.), Htet Shine (SoyAi) နှင့် May Moe Moe Aung (Skin District 9) အစရှိသည့် လုပ်ငန်းအမျိုးအစားမတူသည့် လုပ်ငန်းရှင် ၃ ဦးကို ရွေးချယ်ပေးပြီး လုပ်ငန်းတိုးချဲ့ဖို့အတွက်လည်း အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Events & Exhibition Read 1452 times