Lotte Hotel တွင် ကိုရီးယား-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ ကျင်းပခဲ့


20 December, 2021

Lotte Hotel တွင် ကိုရီးယား-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ ကျင်းပခဲ့


ရန်ကုန်မြို့ရှိ တောင်ကိုရီးယားသံရုံးသည် ပြီးခဲ့သည့် နိုဝင်ဘာလက အစိုးရ၀န်ထမ်းများနှင့် Posco ၊ Samsung နှင့် LG ကုမ္ပဏီများအပါအဝင် ကိုရီးယားကုမ္ပဏီများနှင့် အရပ်ဘက်အရာရှိများအကြား အဆင့်မြင့်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း Financial Times မှ မြင်တွေ့ရသည့် စာရွက်စာတမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလက အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ သမ္မတ မွန်ဂျေအင်း အစိုးရမှ  ရှုတ်ချခဲ့သော်လည်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ာင်ကိုရီးယားသံရုံးက ကျင်းပခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင်းတွင် လုပ်ကိုင်နေဆဲ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင် အများအပြားသည် အစိုးရတာဝန်ရှိများနှင့် တွေ့ဆုံရမည့် အရေးများကို ရှောင်ရှားကြသည်။

အမေရိကန်၊ အီးယူနှင့် ယူကေ တို့သည် စစ်တပ်နှင့် ချိတ်ဆက်မှုရှိသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထား၍ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

"Team Korea နှင့် မြန်မာတို့ အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးပွဲ" တွင် ပါဝင်သူများမှာ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အစိုးရဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ အစိုးရနှင့် ဆက်ဆံရာတွင် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုသည့် လော်ဘီအဖွဲ့၊ ကိုရီးယား ကုန်သည်ကြီးများအသင်း၊ Samsung Electronics မှ ကိုယ်စားလှယ်၊ LG Electronics မှ ကိုယ်စားလှယ်၊ Posco မှ ကိုယ်စားလှယ် အစရှိသူများ ပါဝင်ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စစ်ထောက်ချုပ်ရုံးမှ ငှားရမ်းထားသည့် မြေပေါ်တွင် တည်ဆောက်ထားပြီး Posco က ထိန်းချုပ်ထားသည့် Lotte Hotel တွင် ကျင်းပခဲ့ပါသည်။
 
ထိုအစည်းအဝေးကို ရန်ကုန်မြို့ရှိ စစ်ထောက်ချုပ်ရုံးပိုင် မြေကို ငှားရမ်းပြီး တည်ဆောက်ထားပြီး Posco က ထိန်းချုပ်လုပ်ကိုင်သော  Lotte Hotel တွင် ကျင်းပခဲ့ပါသည်။
Posco လက်အောက်ခံ Posco International က ကုမ္ပဏီသည် အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့ကြောင်း Financial Times ကို အတည်ပြုပြောကြားသည်။“ကုမ္ပဏီ၏ လုပ်ငန်းမှာ ကြုံတွေ့နေရသော အခက်အခဲများ" ကို တင်ပြဆွေးနွေးရန် တက်ရောက်ခဲ့သည်ဟု ဆိုသည်။ အာဏာသိမ်းပြီးကတည်းက မည်သည့်လုပ်ငန်းသဘောတူစာချုပ် အသစ်ကိုမျှ မချုပ်ဆိုကြောင်းလည်း ပြောကြားသည်။

Posco International ၏ စီးပွားရေးသည် စစ်အစိုးရနှင့် ဆက်စပ်မှု မရှိကြောင်းလည်း ပြောကြားသည်။

LG က တွေ့ဆုံဆွေးနွေးပွဲသို့ ကုမ္ပဏီမှ ကိုယ်စားပြု တက်ရောက်ခြင်းကို အတည်ပြု ပြောကြားနိုင်ခြင်း မရှိကြောင်း ဖြေကြားသည်။ 

တောင်ကိုရီးယားသံရုံးက မှတ်ချက်ပေးရန် တောင်းခံသည်ကို အကြောင်းပြန်ကြားခြင်း မပြုချေ။ Samsung က မှတ်ချက်ပေးရန် ငြင်းဆန်သည်။

Posco က ၎င်း၏ စတီးလုပ်ငန်းမှ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL ၏ အစုရှယ်ယာကို ဝယ်ယူရန် ကြိုးပမ်းနေကြောင်း  ပြောကြားခဲ့သည်။
 
တောင်ကိုရီးယား၏ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီး Kwon Chil-seung က ကိုရီးယားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတွင်းစီးပွားရေးလုပ်ကိုင်ရန် မည်သည့်ရပ်တည်ချက် ယူမည်ဆိုသည်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည်ဟု  ပြောကြားခဲ့သည်။

    "SME တွေကို မြန်မာနိုင်ငံကို သွားဖို့၊ မသွားဖို့ ကျွန်တော်တို့ မပြောနိုင်ဘူး။  အခြေအနေအရ သူတို့ကိုယ်တိုင် ဆုံးဖြတ်သင့်တယ်။  မြန်မာနိုင်ငံမှာ သူတို့ရဲ့ လိုအပ်ချက် ဘယ်လောက် ခိုင်မာသလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်” ဟု Kwon က ဆိုသည်။
 တောင်ကိုရီးယားသည် မြန်မာနိုင်ငံတွင် ဆဋ္ဌမမြောက်အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပါသည်။

Investment/Divestment Local News Read 784 times