ဘီးလင်းမြို့နယ် အမှတ်(၂၂) တာယာစက်ရုံအား LockDown ချ


18 September, 2020

ဘီးလင်း တာယာစက်ရုံဝန်ထမ်းတစ်ဦးမှ အနံ့မရတော့၍ဆေးရုံတက် Swab ယူစစ်ဆေးရာမှ Covid-19 ရောဂါပိုးစတင် တွေ့ရှိခဲ့ပြီး ၄င်းပိုးတွေ့သူနှင့် Contact များကို ဘီးလင်းမြို့နယ် ရွှေလှေ အထက CBFQ တွင် ခေါ်ယူ Q ထားပြီး Swab ယူစစ်ဆေးခဲ့ရာ နောက်ထပ်(၇)ဦး Positiveထပ်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပါသည်။

ထို့အပြင် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အနံ့ပျောက်၍ ဆေးရုံစောင့်ကြည့်လူနာအဖြစ် (၃)ဦး ပို့ထားရှိသည့် အနက်မှ (၂)ဦး Positive တွေ့ရှိရ၍ ယနေ့ နံနက်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် တခုထဲမှ စုစုပေါင်း (၉)ဦး ပိုးတွေ့ရှိခဲ့ပါသည်။

၄င်းတာယာစက်ရုံမှ Positive လူနာများနှင့် ထိတွေ့ထားသည့် Contact များမှာ များပြားလွန်းနေသဖြင့် ထပ်မံပျံ့နှံ့မှုများ အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်အောင် ဘီးလင်း အမှတ်(၂၂) တာယာစက်ရုံဝင်းအား LockDown ဧရိယာအဖြစ် သတ်မှတ် ထားလိုက်ပါသည်။ တာယာစက်ရုံ ဝန်ထမ်းများအားလုံးကိုလည်း Q ဝင်စေတော့မှာ ဖြစ်ပါတယ်။

၄င်းပိုးတွေ့ လူနာများ၏ Contact Tracingလိုက်၍ ရွှေလှေ CBFQ တွင် အသွားအလာကန့်သတ်စောင့်ကြည့် မှာဖြစ်လို့ထိတွေ့သူများအနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ဘီးလင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့်လည်း မလိုအပ်အပြင်မထွက်ဖို့ Mask တပ်ဖို့နှင့် လူစုလူဝေးများအတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း၊ အသက်ရှုခက်ခဲခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်ပါကလည်း ဘီလင်းမြို့ပြည်သူ့ဆေးရုံကြီးရှိ fever Clinic သို့ အမြန်ဆုံးသွားရောက် ပြသကြဖို့ လိုအပ်ပါသည်။

 

 

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မွန်ပြည်နယ်ရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၆ ၂၀၂၀ 

၁၃၈၂ခုနှစ်၊ တော်သလင်းလဆန်း(၂)ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၈ ရက်) 

 

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ မေလ ၁၉ရက် ရက်စွဲပါ အမိန့်အမှတ် ၅၄/၂၀၂၀ အရ ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၄ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 ၁။ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်း apępopol (Coronavirus Disease 2019-COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းကူးစက်သည့် ဓာတ်ခွဲအတည်ပြုလူနာ များ ပြားလာသဖြင့် လည်းကောင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့သူ များပြားနေ၍ လည်းကောင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အမှတ်(၂၂) တာယာစက်ရုံအား အဝင်အထွက် ကန့်သတ်သည့် နေရာအဖြစ် သတ်မှတ်လိုက်သည်။ 

 ၂။ ပြည်သူများသည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် -

 (က) အထက်ပါ နေရာတွင် နေထိုင်သူများသည် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာခြင်းမပြုရန်၊ 

(ခ) ပြင်ပမှ ပြည်သူများအနေဖြင့် အထက်ပါ နေရာသို့ ဝင်ရောက်ခြင်းမပြုရန်၊ ၊

 ၃။ အထက်ဖော်ပြပါ နေရာအတွင်း နေထိုင်သူများသည် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရန် ဖြစ်စေ၊ အရေးပေါ်ကျန်းမာရေး ကိစ္စရပ်များ ပေါ်ပေါက်လျှင်ဖြစ်စေ အသွားအလာ ကန့်သတ်နေရာရှိ တာဝန်ကျသူများနှင့် ဆက်သွယ် ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

၄။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

 ၅။ ဤအမိန့်သည် ၁၈-၉-၂၀၂၀ ရက်၊ နံနက် ၈:၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။

(ဒေါက်တာထွန်းအောင်ကြည်) 

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး

မွန်ပြည်နယ်-မော်လမြိုင်မြို့

Local News Read 709 times