LNG မကြုံစဖူး အလျှံပယ်ပေါများလာနိုင်သည်ဟု IEA ပြောကြား


26 October, 2023

LNG မကြုံစဖူး အလျှံပယ်ပေါများလာနိုင်သည်ဟု IEA ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ထုတ်လုပ်မှု အားကောင်းလာခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းစေမည် ဖြစ်ပြီး မလောက်မင ဖြစ်ရသည့်အတွက် စိုးရိမ်မှုများကို လျော့ပါးသက်သာစေမည် ဖြစ်သည်။
 ထို့ပြင် LNG မကြုံစဖူး အလျှံပယ်ပေါများနေသည့် အရေးလည်း ပေါ်ပေါက်လာနိုင်သည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ International Energy Agency (IEA) က အင်္ဂါနေ့ (အောက်တိုဘာလ ၂၄)တွင် ပြောကြားခဲ့သည်။
  
LNG စီမံကိန်းများတွင် ထုတ်လုပ်မှုများ မကြုံစဖူး များပြားနေခြင်းကို ၂၀၂၅ ခုနှစ်တွင် ကြုံရဖွယ် ရှိသည်။
၂၀၃၀ ခုနှစ်တွင် တနှစ်လျှင် ၂၅၀ ဘီလီယံ ကုဗမီတာ billion cubic metre (bcm) ပိုများလာမည်ဟု ပါရီမြို့ အခြေစိုက် IEA က နောက်ဆုံးထုတ်ပြန်သည့် World Energy Outlook အစီရင်ခံစာတွင် ပြောကြားထားသည်။ 

တိုးများလာမည့် ပမာဏသည် ယနေ့ ကမ္ဘာ့ LNG ထုတ်လုပ်ပေးပို့သည့် ပမာဏ စုစုပေါင်း၏ ၄၅% ရှိသည်။ ၂၀၂၅ မှ ၂၀၂၇ ကာလအတွင်း အမေရိကန်နှင့် ကာတာတို့မှ ဓာတ်ငွေ့စီမံကိန်းများကြောင့် တိုးများသည့် ပမာဏ အကြီးမားဆုံး ဖြစ်မည်ဟု IEA က ခန့်မှန်းထားသည်။ 

အလျှံပယ် ဖြစ်လာခြင်းကြောင့် ဈေးနှုန်းများအပေါ် သက်ရောက်မှု ရှိမည်ဖြစ်သဖြင့် ၈၀% နီးပါး ဈေးကျဆင်းမည်။ million British thermal units (mmbtu) အရ တစ် mmbtu ကို $6.9 သာ ပေါက်ဈေးရှိသည်အထိ ၂၀၃၀ ခုနှစ်တွင် ကျဆင်းမည်။
၂၀၂၂ ခုနှစ်တွင် LNG ဈေးနှုန်းသည် စံချိန်တင် မြင့်မားခဲ့ပြီး တစ် mmbtu ကို $32.3 အထိ ရောက်ရှိခဲ့သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 287 times