LNG အများဆုံးတင်သွင်းသည့် တရုတ်နိုင်ငံက ဈေးကောင်းရချိန် LNG  ပြန်လည်ရောင်းချလျက်ရှိ


13 November, 2023

LNG အများဆုံးတင်သွင်းသည့် တရုတ်နိုင်ငံက ဈေးကောင်းရချိန် LNG  ပြန်လည်ရောင်းချလျက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကမ္ဘာ့ထိပ်တန်း သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) တင်သွင်းသည့် တရုတ်နိုင်ငံသည် စျေးနှုန်းအတက်ကြောင့် အမြတ်အစွန်းရရန်  အခြားအာရှဝယ်လက်များထံ LNG ပြန်လည်ရောင်းချလျက်ရှိပြီး ပမာဏ ပိုများလာပါသည်။

တရုတ်နိုင်ငံသည် LNG ဝယ်ယူရရှိနိုင်ရန် နှစ်ရှည်စာချုပ်များကို အမေရိကန်မှ LNG ရောင်းချသည့် ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည်။ 
တရုတ်ပြည်တွင် LNG ကို သင်္ဘောအတင်အချ ပြုပေးသည့် ဆိပ်ခံများလည်း အများအပြား ရှိနေသည်။
ထိုနှစ်ချက်ကြောင့် LNG အဝင်အထွက်ကို လိုသလို လုပ်ဆောင်ဖို့ အဆင်ပြေနေသည်။

နိုင်ငံပိုင်ကုမ္ပဏီကြီး PetroChina ဦးဆောင်သော တရုတ်ကုမ္ပဏီများသည် LNG ကို ပြည်တွင်း သုံးစွဲရန်အပြင် အရောင်းအဝယ်လည်း လုပ်ကိုင်ကြသည်။

ယခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံမှ တင်သွင်းသော LNG မက်ထရစ်တန်ချိန် ၆၁၇,၀၀၀ ကို ရှိကြောင်း တရုတ်အကောက်ခွန် အချက်အလက်များတွင် ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်တွင် ၅၉,၀၀၀ တန်၊
၂၀၂၁ ခုနှစ်တွင် ၂၆,၀၀၀ တန်၊
၂၀၂၂ ခုနှစ်တွင် ၅၇၆,၀၀၀ တန် 
တင်သွင်းခဲ့သည်ထက် ယခုနှစ်တွင် သိသိသာသာ ပိုများပါသည်။ တင်သွင်းမှု ပိုများခဲ့ပြီး ပြန်ရောင်းချသည့် ပမာဏလည်း ပိုများပါသည်။ 

ထိပ်တန်းတရုတ် LNG လုပ်ငန်း PetroChina International (PCI) သည် ပြန်လည်ရောင်းချခြင်းကို ဦးဆောင်နေသည်။
အကောက်ခွန်ကင်းလွတ် လှောင်ကန်များဖြစ်သည့် bonded storage tanks များတွင် တင်သွင်းသည့် LNG များကို သိုလှောင်ထားပြီး ပြည်ပသို့ ပြန်လည်တင်ပို့ကာ ရောင်းချသည်။

ယခုနှစ်တွင် တရုတ်ပြည်မှ ပြန်ရောင်းချသည့် LNG ဝယ်ယူသူများတွင် တောင်ကိုရီးယားသည် အများဆုံး ဖြစ်ပါသည်။ ဝယ်ယူသူများတွင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကူဝိတ်တို့လည်း ပါဝင်ပါသည်။

ကာတာမှ ဝယ်ယူသည့် LNG များသည် အရောင်းအဝယ် စာချုပ်ပါ တားမြစ်ချက်အရ ပြန်လည်ရောင်းချခွင့် မရှိပါ။
အမေရိကန်မှ ဝယ်ယူသည့် LNG များသည် အနှောင်အဖွဲ့ ကင်းသဖြင့် ပြန်လည်ရောင်းချခွင့် ရှိပါသည်။
ဩစတေးလျနှင့် အင်ဒိုနီးရှားမှ ဝယ်ယူသည့် LNG များသည်လည်း ပြန်လည်ရောင်းချနိုင်ပါသည်။


တရုတ်နိုင်ငံသည် ယခုအခါ စပိန်ပြီးလျှင် LNG ကမ္ဘာ့ဒုတိယအများဆုံး ပြန်လည်တင်ပို့သည့်နိုင်ငံဖြစ်ပါသည်။
၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၁၅ သန်း တင်ပို့ထားပြီး ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ LNG သိုလှောင်ထားနိုင်သည့် ပမာဏ စုစုပေါင်းသည် တန် ၁၃၉ သန်း ဖြစ်ပါသည်။
Source cna
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 268 times