ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားရယူရန် လိုအပ်သည့် အချက်များ


18 August, 2022

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားရယူရန် လိုအပ်သည့် အချက်များ

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားလိုသူများသည် အောက်ပါ အချက်များ ပြည့်စုံစွာဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်သို့ မန်နေးဂျင်းဒါရိုက်တာကိုယ်တိုင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အသစ် သွားရောက် လျှောက်ထားရမည် ဖြစ်ပါသည်။

လိုအပ်သည့်အချက်များ

(က) ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် လျှောက်ထားမည့် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာကိုယ်တိုင် လက်မှတ်ရေးထိုးပြီးဌာနသို့ တင်ပြလျှောက်ထားသည့် တင်ပြစာ၊

(ခ) ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊

(ဂ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြအတည်ပြုထားသည့် Company Profile

(ဃ) မန်နေးဂျင်းဒါရိုက်တာအဖြစ် မည်သူ့ကို တင်မြောက်ခဲ့ကြောင်း ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များ၏ အစည်းအဝေးမှတ်တမ်း၊

(င) Company Profile တွင် ပါဝင်သော ဒါရိုက်တာအဖွဲ့ဝင်များ၏ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်တွင် (၆ လအတွင်း ရိုက်ထားသည့် လိုင်စင်ဓါတ်ပုံကပ်/ လက်မှတ် ရေးထိုး)၊ (ပုံစံကို အောက်ဆုံးတွင် ဖော်ပြ‌ေပးထားပါသည်) နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရဲစခန်းထောက်ခံ ချက်မူရင်း၊ ရပ်ကွက်ထောက်ခံချက်မူရင်း၊

(စ) မန်နေးဂျင်းဒါရိုက်တာ တစ်ဦးတည်းအမည်ဖြင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်မှုစာရင်း/ အထောက်ထား (အနည်းဆုံး သိန်း ၁,၀၀၀ တန်ဘိုးရှိရန်)၊

(ဆ) မန်နေးဂျင်းဒါရိုက်တာ တစ်ဦးတည်းအမည်ဖြင့် အနည်းဆုံးငွေကျပ် သိန်း ၁,၀၀၀ကို ထည့်သွင်းစုဆောင်းစေပြီး ပြည်ပအလုပ်အကိုင်.. အကျိုးဆောင်လိုင်စင်ရရှိပြီးနောက် ငွေကျပ် သိန်း ၁,၀၀၀ ထည့်သွင်းစုဆောင်းထားသည့် Update ဖြစ်သည့် ဘဏ်စာရင်းရှင်းတမ်းကို ဌာနသို့ (၆) လကြာကာလအထိ လစဉ် Bank Statement တင်ပြခြင်းနှင့် (၆) လပြည့်ပြီးနောက် ကြားကာလတွင် သုံးစွဲခွင့်ရှိပြီး လိုင်စင် သက်တမ်းတိုး လျှောက်ထားတင်ပြချိန်တိုင်းတွင် ငွေကျပ် သိန်း ၁,၀၀၀ ရှိကြောင်း Bank Statement အား တင်ပြရန်

#Jobboard
Telegram Channel https://t.me/Guid4U

 

 

Labour Affairs Read 1133 times