ဟော့ပေါ့ စားကြွင်းစားကျန်မှ ဂျက်လေယာဉ်အတွက် ဆီ ထုတ်လုပ်


22 November, 2023

ဟော့ပေါ့ စားကြွင်းစားကျန်မှ ဂျက်လေယာဉ်အတွက် ဆီ ထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံ Chengdu မြို့ရှိ စျေးကြီးသော စားသောက်ဆိုင်တစ်ခုတွင် ဟော့ပေါ့နှစ်သက်သော ညစာစားသူများသည် လှီးထားသော အသားနှင့် အသီးအရွက်များကို အစပ်ကဲသည့် ဟင်းရည်အိုးထဲသို့ ထည့်ကာ စားကြသည်။ 
 ၎င်းတို့စားသောက်ပြီးနောက် ဟင်းရည်အိုးထဲမှ စာကြွင်းစားကျန်များတွင် ပါဝင်နေသည့် ဆီသည် ဂျက်လေယာဉ်ဆီ အဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

 မြို့တွင်းရှိ စားသောက်ဆိုင်များမှ နှစ်စဉ် စားကြွင်းစားကျန်ဟော့ပေါ့မှ ဆီ တန်ချိန် ၁၅၀,၀၀၀ ခန့် စွန့်ပစ်သည်။ ၎င်းဆီများကို လေကြောင်းသုံးဆီအဖြစ်သို့ ပြောင်းလဲခြင်းကို Sichuan Jinshang Environmental Protection က စီးပွားဖြစ် လုပ်ကိုင်သည်။ ရရှိလာသည့် ဆီကို ပြည်ပသို့ တင်ပို့သည်။

"ကုမ္ပဏီကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီးကတည်းက ကျွန်တော်တို့ ထုတ်လုပ်တဲ့ စုစုပေါင်းပမာဏဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာနေပါတယ်" ဟု ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Ye Bin မှ ပြောကြားပါသည်။

"ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်က ရေမြောင်းမှ ဆီများ ကောင်းကင်သို့ ပျံတက်စေ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။


KFC ဆိုင်များအပါအဝင် Chengdu တစ်ဝှမ်းရှိ ဟော့ပေါ့ စားသောက်ဆိုင်များနှင့် အခြားစားသောက်ဆိုင်များထံမှ စားကြွင်းစားကျန်ဆီများဖြင့်  နှစ်စဉ် လေကြောင်းသုံးအဆင့် ဆီတန်ချိန် ၁၅၀,၀၀၀ အထိ ထုတ်လုပ်နေကြောင်း Ye မှ ပြောကြားသည်။

Jinshang မှ အလုပ်ခန့်ထားသည့်သူများသည် ညဘက်တွင် ရာချီသော စားသောက်ဆိုင်များထံမှ စားကြွင်းစားကျန်ဆီများ လိုက်လံရယူကြသည်။


စားသောက်ဆိုင်မှ ဝန်ထမ်းသည် စားကြွင်းစားကျန်များဖြစ်သည့် ဟော့ပေါ့အရည်ကို အထူးစီမံထားသည့် ဆီစစ်ထဲသို့ လောင်းထည့်ရသည်။ ထိုအခါ ဆီစစ်က ရေနှင့်ဆီကို တသီးတခြားစီ ဖြစ်စေပြီး ဝန်ထမ်းက ဆီကို စုဆောင်းရသည်။

 

၎င်းဆီများကို ပုံးများဖြင့် ထည့်သိမ်းထားသည်။ ၎င်းပုံးများကို Jinshang မှ ဝန်ထမ်းက လာသိမ်းမည် ဖြစ်သည်။

၎င်းပုံများကို Jinshang စက်ရုံသို့ ပေးပို့သည်။
စက်ရုံတွင် ဆီထဲ ကျန်ရှိနေသည့် ရေကို ဖယ်ရှားသည်။ ဆီမဟုတ်သည့် အရာများကိုလည်း ဖယ်ရှားပြီး ဆီကို သန့်စင်စေသည်။ နောက်ဆုံး၌ လုပ်ငန်းသုံးအဆင့် ဆီသန့်ကို ရရှိသည်။


၎င်းဆီကို အဓိကအားဖြင့် ဥရောပ၊ အမေရိကန်နှင့် စင်ကာပူတို့မှ ဝယ်လက်များထံ တင်ပို့သည်။ 
၎င်းဆီကို ထပ်မံသန့်စင်ပြီး "ရေရှည်တည်တံ့သောလေကြောင်းလောင်စာ" "sustainable aviation fuel"(SAF) အဖြစ် အသုံးပြုသည်။

Jinshang သည် SAF ထုတ်လုပ်သည့်အဆင့်အထိ တိုးချဲ့မည့် အစီအစဉ်ရှိသည်။ အမေရိကန်လုပ်ငန်း Honeywell ထံမှ စက်ပစ္စည်းများဖြင့် တနှစ်လျှင် တန်ချိန် ၃ သိန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။


Source: AFP

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

How To Read 323 times