ဗီယက်နမ် ဟိုချီးမင်းစီးတီး လုပ်သားအင်အား လျှော့ချ


29 November, 2022

ဗီယက်နမ် ဟိုချီးမင်းစီးတီး လုပ်သားအင်အား လျှော့ချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယခုနှစ်အတွင်း   ဟိုချီးမင်းစီးတီးတွင် လုပ်ငန်း ၂၇ ခုသည် နည်းပညာပြန်လည်တည်ဆောက်ခြင်း၊ စက်ပစ္စည်းများ အပြောင်းအလဲနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ဝန်ထမ်း ၂,၈၅၈ ဦးကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း မြို့တော်အဆင့်မြင့်အရာရှိတစ်ဦးက vnexpress သတင်းမီဒီဘာကို ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတစ်လွှားရှိ ကုန်ထုတ်လုပ်ငန်းများတွင် လုပ်သားအင်အား လျှော့ချနေကြရသဖြင့် လုပ်သား ထောင်ချီ အလုပ်အကိုင် ဆုံးရှုံးကြသည်။ ပြည်ပပို့ကုန် အမှာစာများ လျော့နည်းနေခြင်းသည် လုပ်သားအင်အား လျှော့ချရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ 
အကယ်၍ ပြည်ပပို့ကုန် အမှာစာ ရရှိသည့် အခြေအနေ ပြန်ကောင်းမလာပါက လျှော့ချရသည့်လုပ်သားဦးရေ ပိုများလာလိမ့်မည်။ 
စက်တင်ဘာလဆန်းပိုင်းတွင် ဟိုချီးမင်းစီးတီးမှ  S.K Vina ၏ လုပ်သားဦးရေ ၉၀၀ နီးပါးရှိသော အထည်ချုပ်စက်ရုံသည် တောင်ကိုရီးယားမှ မိခင်လုပ်ငန်းထံမှ ညွှန်ကြားချက်ကြောင့် စက်ရုံကို ပထိတ်ထားလိုက်ရသည်။ 
ဖက်ရှင် brand များက အမှာစာများအားလုံးကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး မိခင်ကုမ္ပဏီသည် အစားထိုးရန် အခြားအမှာစာများ မရရှိသောကြောင့် စက်ရုံကို ရပ်နားထားလိုက်ရန် ညွှန်ကြားခဲ့သည်။ 
အဆိုပါ ကုမ္ပဏီသည် ဟိုချီးမင်းစီးတီးတွင် အထည်ချုပ် လုပ်ငန်း လုပ်ကိုင်ခဲ့သည်မှာ ၁၅ နှစ် ရှိပြီး ယခုလတွင် ဖျက်သိမ်းမှူ ပြီးစီးခဲ့ပါသည်။ 
S.K Vina ၏ မိခင်ကုမ္ပဏီသည် လစာများ၊ နစ်နာကြေးများ၊ အခြားအထောက်အပံ့များကို စက်ရုံရှိ လုပ်သားများကို ပေးအပ်ရန်အတွက် ဗီယက်နမ်ဒေါင် ၂၀ ဘီလီဘံ (ကန်ဒေါ်လာ ၁.၂ သန်း) နီးပါး သုံးစွဲရမည် ဖြစ်သည်။ 

 ယခုနှစ် နှစ်လယ်တွင် အမှာစာများ လက်ခံရရှိထားပြီးမှ ပြန်လည် ရုတ်တရက် ပြန်လည်ရုပ်သိမ်းသွားသဖြင့် ကုမ္ပဏီအနေဖြင့် အရေးပေါ် ဆောင်ရွက်နေရခြင်းဖြစ်သည်။ 

S.K Vina  စက်ရုံနှင့် ကီလိုမီတာ ၂၀၀ ခန့် အကွာအဝေးတွင် ခြေစီးများနှင့် သားရေထည်များ ထုတ်လုပ်သည့်  An Giang Samho Co., Ltd. ၏ စက်ရုံ တည်ရှိပြီး ဒီဇင်ဘာလတွင် လုပ်သားအင်အားစုကို ၅၃% လျှော့ချရန် စီစဉ်လျက်ရှိရာ လုပ်သားဦးရေ ၅,၃၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်မည် ဖြစ်သည်။ 
စက်ရုံအတွက် အမှာစာများတွင် ၄၀% ကို မှာကြားလေ့ရှိသည့် လုပ်ငန်းသည် အမှစာများ ထပ်မံ မှာကြားခြင်းး မပြုတော့သဖြင့် လုပ်သားအင်အား လျှော့ချရခြင်း ဖြစ်သည်။  လုပ်သားများအနက် ကိုယ်တန်ဆောင်များ၊ အသက်တစ်နှစ်မပြည့်သေးသည့် လသားကလေး ရှိသည့် မိခင်များ၊ ဆင်းရဲသူများကို ဆက်လက်ခန့်ထားနိုင်ဖို့ ကုမ္ပဏီက ကြိုးပမ်းနေသည်။ 

ဗီယက်နမ် အလုပ်သမား အဖွဲ့ချုပ်  Vietnam General Confederation of Labor မှ ထုတ်ပြန်သည့် အချက်အလက်များအရ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း ပြည်ပပို့ကုန် အမှာစာများ မရရှိခြင်းကြောင့် ပြည်နယ် ၂၈ ခုရှိ မြို့ကြီးများတွင် လုပ်သား ဦးရေ ၆၃၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ လုပ်သားဦးရေ လျှော့ချခြင်းအပြင် အလုပ်ချိန် လျှော့ချခြင်းကိုလည်း ဆောင်ရွက်ကြရသည်။ 
အထိခိုက်ဆုံးသော လုပ်ငန်းများမှာ သစ်အချောထည်၊ အထည်အလိပ်၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်း၊ အစားအသောက်၊ ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်းတို့ ဖြစ်သည်။ 
Source vnexpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Global News Read 174 times