မြေရှားသတ္တုတွင်း ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန် လာအို ဝန်ကြီးချုပ် ညွှန်ကြား


06 October, 2023

မြေရှားသတ္တုတွင်း ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန် လာအို ဝန်ကြီးချုပ် ညွှန်ကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လာအိုနိုင်ငံမှာ မြေရှားသတ္တုနှင့် အခြားတွင်းထွက်များ တူးဖော်မှုများ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေရန်အတွက် မဟာဗျူဟာတစ်ရပ်ကို အမြန်ရေးဆွဲရန် သက်ဆိုင်ရာဌာနများအား လာအိုဝန်ကြီးချုပ်က ညွှန်ကြားထားသည်။
ဝန်ကြီးချုပ် ဒေါက်တာဆွန်စေးဆီဖန်ဒွန်က မြေရှားသတ္တုအမျိုးမျိုးတို့သည် လာအိုနိုင်ငံ စီးပွားရေးအတွက် အရေးပါကြောင်း၊ ကမ္ဘာပေါ်တွင် အရေးပါသည့် သတ္တုများ ဖြစ်ကြောင်း၊ ဈေးကွက်တွင် ဝယ်လိုအား မြင့်မားကြောင်း ပြောကြားသည်။

ဒေသတွင်းရှိ နိုင်ငံများတွင် မြေရှားသတ္တု တူးဖော်မှုနှင့် တင်ပို့မှုတို့အပေါ် ပိုမိုဂရုစိုက်လာကြချိန်တွင် လာအိုနိုင်ငံလည်း အလေးထားသည့် နိုင်ငံများထဲ ပါဝင်လာသည်။

မြေရှားသည် ဒြပ်စင် ၁၇ မျိုးအုပ်စုကို ရည်ညွှန်းသည်။ ၎င်းသတ္တုဒြပ်စင်များကို လျှပ်စစ်ကားများ၊ စမတ်ဖုန်းများ၊ လေအားသုံး တာဘိုင်များ အစရှိသည်တို့တွင် အသုံးပြုသည်။ 

တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းထုတ်လုပ်သူဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့တူးဖော်ရရှိသော ရှားပါးဒြပ်စင်များ၏ ၇၀ ရာခိုင်နှုန်းသည် တရုတ်ပြည်မှ ရရှိသည့် မြေရှားများ ဖြစ်သည်။

မကြာသေးမီလများအတွင်းတွင် အမျိုးသားလွှတ်တော်အမတ်များသည် လာအိုနိုင်ငံရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဖိုးတန်သတ္တုနှင့် အခြားတွင်းထွက်ပစ္စည်းများ တင်ပို့မှုမှာ ဆိုးရွားသောဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားကြသည်။
လာအိုသည် မြေရှားပါးသတ္တုတူးဖော်မှုမှ အပြည့်အဝ အကျိုးခံစားမှု ရှိစေရေး သေချာစေရန် လိုအပ်သည်ဟု တိုက်တွန်းပြောကြားကြသည်။

လာအိုနိုင်ငံတွင် တွေ့ရှိရသည့် ဓာတ်သတ္တုသိုက်အမျိုးအစားတစ်ခုစီကို စိစစ်ရန် ဓာတ်ခွဲခန်းများ ထူထောင်ရန် အစိုးရကို လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းထားသည်။
 
သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် တင်းကျပ်သော ကြီးကြပ်မှုနှင့် ပိုမိုအနီးကပ် ဆောင်ရွက်ခြင်းသည် အစိုးရအနေဖြင့် သတ္တုတူးဖော်ရေးကုမ္ပဏီများထံမှ ဝင်ငွေ ပိုမိုရရှိနိုင်ပြီး တွင်းထွက်သယံဇာတများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေရန် သေချာစေမည်ဟု ဆိုသည်။
Source Vientiane Times
 

Export, Import Global News Read 456 times