ပြည်ပအလုပ်အကိုင် အကျိုးဆောင် လုပ်ငန်းလိုင်စင်သစ် မန်နေဂျင်းဒါရိုက်တာကိုယ်တိုင် လာရောက်လျှောက်ထားရမည်


16 March, 2022

ပြည်ပအလုပ်အကိုင် အကျိုးဆောင် လုပ်ငန်းလိုင်စင်သစ် မန်နေဂျင်းဒါရိုက်တာကိုယ်တိုင် လာရောက်လျှောက်ထားရမည်

ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လုပ်ငန်းလိုင်စင် အသစ် များ လျှောက်ထားဆောင်ရွက် ရာတွင် အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာနရုံးချုပ်သို့ လုပ်ငန်း၏ မန်နေဂျင်း ဒါရိုက်တာကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါသည်။
ပုဂ္ဂလိကပြည်ပအလုပ် အကိုင် အကျိုးဆောင်လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လိုသူများကိုး သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ပုဂ္ဂလိက ပြည်ပ အလုပ်အကိုင် အကျိုးဆောင်  အေဂျင်စီအသစ် လျှောက်ထားလိုပါက အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရုံးချုပ် ၊ နေပြည်တော်သို့ လိုအပ်သည့် အထောက်အထားများနှင့်အတူ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင် သစ် လျှောက်ထားမည့်ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာကိုယ်တိုင် လာရောက် လျှောက်ထားရမည်ဟု သိရပါသည်။


 ပြည်ပသို့ သွားရောက် လုပ်ကိုင်ကြမည့် မြန်မာ လုပ်သားများကို ပြည်ပနိုင်ငံများတွင် သတ်မှတ်ခံစားခွင့်များ အပြည့်အဝရရှိစေရေးနှင့် အခက်အခဲများ မကြုံတွေ့ရစေရေးအတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် ပုဂ္ဂလိကပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ တစ်ဆင့် တရားဝင်စေလွှတ်ဆောင်ရွက်ပေးလျက် ရှိသည်။ 

ယခုအခါ ပုဂ္ဂလိကပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၃၂၄ ခုကို ခွင့်ပြုပေးထားပြီးပြီဟု သိရပါသည်။ 

Laws and Regulations Read 609 times