ကိုရီးယားဝမ် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ထူးထူးခြားခြား ပြန်မြင့်တက်


02 December, 2022

ကိုရီးယားဝမ် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ထူးထူးခြားခြား ပြန်မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဩဂုတ်လလယ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့(ဒီဇင်ဘာ ၁)တွင်  ဝမ်ဒေါ်လာလဲလှယ်နှုန်းသည် ၁,၃၀၀ အောက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

US Federal Reserve ဥက္ကဋ္ဌ Jerome Powell က ယခုနှစ်မကုန်မီတွင် အတိုးနှုန်းများ အရှိန်နှေးကွေးနိုင်ခြေကို အရိပ်အမြွက် ပြောကြားခဲ့သည့်အတွက်ကြောင့် ဝမ် ပြန်မာလာသည်။
ကြာသပတေးနေ့ ဈေးပိတ်ချိန် တွင် တစ် ကန်ဒေါ်လာကို  ဝမ် 1,299.7 ဖြင့် အဆုံးသတ်ခဲ့သည်။ နေ့ခင်းပိုင်းတွင် ဝမ် 1,290 အထိ မာခဲ့သည်။ 
၄ လနီးပါးအတွင်း ငွေလဲနှုန်း တစ် ကန်ဒေါ်လာ ဝမ် ၁,၃၀၀ အောက်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 
ဗုဒ္ဓဟူးနေ့ထက် ဝမ် 19.1 ပိုမာလာသည်။ ဗုဒ္ဓဟူးနေ့တွင် အဖွင့်ဈေး 1,301 ဖြစ်ခဲ့ပြီး 1,318.8 ဖြင့် ဈေးပိတ်ခဲ့သည်။ 

Federal Open Market Committee (FOMC) ကို ဒီဇင်ဘာလ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အတိုးနှုန်းကို အသင့်အတင့်သာ မြှင့်တင်လိမ့်မည်ဟု ထင်ကြေးပေးထားကြသည်။ 
Source: koreatimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 261 times