တောင်ကိုရီးယားဝမ် "ကင်မ်ချီ အကျပ်အတည်း"


28 September, 2022

တောင်ကိုရီးယားဝမ် "ကင်မ်ချီ အကျပ်အတည်း "

ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်သည့် အမေရိကန်နိုင်ငံသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သောကြောင့် အတိုးနှုန်း တိုးမြှင့်ပါက စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်လာမည့်အရေး ရှိနေလင့်ကစား အတိုးနှုန်းထားကို အခြေခံ ဒသမ ၇၅ တိုးမြှင့်ကြောင်း စက်တင်ဘာလ ၂၀ ရက်မှာ ကြေညာခဲ့ပါသည်။
 ထိုသို့ ကြေညာပြီးနောက်တွင် ထိုသို့ တိုးမြှင့်လိမ့်မည်ဟု နဂိုက မျှော်လင့်ထားပြီးသား ဖြစ်သော်ငြားလည်း  အာရှတစ်လွှားရှိ ငွေကြေးစျေးကွက်များသည် တလှုပ်လှုပ်လှုပ်ခတ် ဖြစ်နေခဲ့ပါသည်။  

အမေရိကန် ဗဟိုဘဏ် Federal Reserve က ငွေကြေးဖောင်းပွမှုကို ၂ ရာခိုင်နှုန်းအထိ ကျဆင်းစေမည့် ၎င်း၏ပန်းတိုင်ကို အောင်မြင်ရန် အတိုးနှုန်းကို အကြိမ်ကြိမ် ထပ်မံတိုးမြှင့်ဦးမည် ဖြစ်သည်။ ယခုအခါ 3-3.25% ဖြစ်ပြီး ယခုနှစ်ကုန်တွင် 4.25-4.5% ရောက်သည်အထိ ခပ်ကြမ်းကြမ်း တိုးမြှင်မည်ဟု ခန့်မှန်းထားကြသည်။ ထို့နောက် ၂၀၂၃ တွင် 4.50-4.75% ရောက်သည်အထိ ညင်ညင်သာသာ ဆက်လက် တိုးမြှင့်သွားမည်ဟု ခန့်မှန်းထားကြပါသည်။

Federal Reserve ၏ နောက်ဆုံးပေါ်လစီ ဂယက်ကြောင့် တောင်ကိုရီးယား ဝမ်သည် ၁၃ နှစ်တာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။ 
အီလက်ထရွန်းနစ် ဆိုင်းဘုတ်တစ်ခုတွင် ကိုရီးယားဝမ်သည် အမေရိကန်တစ်ဒေါ်လာလျှင် 1,403.00 ဖြင့် အရောင်းအဝယ်ဖြစ်နေသည်ကို ပြသထားသည်၊ မကြာသေးမီက ငွေကြေးသည် ၁၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာနှင့်ယှဉ်လျှင် 1,400 အောက်သို့ ကျဆင်းသွားခြင်းကို ပြသနေခြင်း ဖြစ်သည်။
Covid-19 ကပ်ရောဂါ၏  ကျန်းမာရေးနှင့်  စီးပွားရေးအကျပ်အတည်းဒဏ်ကို ခံခဲ့ရပြီးနောက်  စီးပွားရေးများသည် တိုးတက်မှုလမ်းကြောင်းပေါ် ပြန်တက်ရန် မျှော်မှန်းထားကြစဉ်  ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားကို စဉ်ဆက်မပြတ် ရင်ဆိုင်ရပြန်ပါသည်။

အီလက်ထရွန်နစ်ပစ္စည်းများ ဝယ်လိုအား နှေးကွေးခြင်းကြောင့် တောင်ကိုရီးယားမှ အီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှု လျော့ကျသည့်အတွက်  ကုန်သွယ်မှုပိုငွေ ကျဉ်းမြောင်းလာနေခဲ့ပါသည်။ 

 

 


Organisation for Economic Cooperation and Development  OECD  က ၂၀၂၂ အတွက် တောင်ကိုရီးယား ငွေကြေးဖောင်းပွမှုကို ယခင်က ၄.၈% ခန့်မှန်းထားရာမှ ၅.၂ % ဟု ပြောင်းလဲခန့်မှန်းပါသည်။ ပြည်ပမှ တင်သွင်းသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့  ဈေးနှုန်းများကြောင့် ငွေကြေးဖောင်းပွမှု ပိုများစေမည်ဟု ယူဆသောကြောင့် ယခုလို တိုးမြှင့်ခန့်မှန်းလိုက်ခြင်း ဖြစ်ပါသည်။ 

တောင်ကိုရီးယားတွင် ကုန်ဈေးနှုန်း တက်ခြင်းကို ကိုရီးယား ရိုးရာအစားအစာ ဖြစ်ပြီး နေ့စဉ်လည်း စားသုံးကြလေ့ ရှိသည့် ကင်မ်ချီ kimchi   ဈေးတက်သည်နှင့် တင်စားပြီး “ကင်ချီအကျပ်အတည်း” “kimchi crisis”ဟု ပြောဆိုကြသည်။ ယခုနွေရာသီတွင် ရာသီဥတု ဆိုးဝါးခဲ့သဖြင့်  ကင်မ်ချီ ပြုလုပ်ရန်အတွက် ဟင်းသီးဟင်းရွက် အလုံအလောက် မရရှိကြချေ။
ကင်မ်ချီ ၄ ကီလိုဂရမ်ပါ တစ်ထုပ်လျှင် ဝမ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၅.၅၀) အထိ ဈေးတက်သွားခဲ့သည်။ ပုံမှန်ဈေးနှုန်းထက် ၂ ဆ တက်သွားပါသည်။ 

Federal Reserve  အတိုးနှုန်း မြင့်သည်ကို အမီလိုက်ပြီး  အဓိကအတိုးနှုန်းကို မြှင့်တင်ရန် ကိုရီးယားဘဏ်၏ ဆုံးဖြတ်ချက်သည် ဘဏ်ချေးငွေ ရယူထားသူများအဖို့  ပြန်ဆပ်နေရသည့်  အတိုးနှုန်း မြင့်မားခြင်းကြောင့် အိမ်ထောင်စုများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရသည့် ပမာဏ ပိုများသွားစေသည်။ သို့ဖြစ်ရာ အသုံးစရိတ်များကို လျှော့ချကြရသည်။ စစ်စီကြရသည်။ 

စုဆောင်းငွေနှင့် လိုသလိုအသုံးစရိတ်အတွက် ငွေရရှိနိုင်မှုနည်းသောကြောင့် ဝင်ငွေများလည်း ထည့်သွင်းခဲ့သည်။ စုဆောင်းငွေ လျော့ကျသည်။ လိုအပ်လာလျှင် လိုအပ်သလို ထုတ်သုံးရသည့် ငွေပမာဏလည်း လျော့ကျစေသည်။  သို့ဖြစ်ရာ ဝင်ငွေတိုးဖို့အတွက် လက်ရှိအလုပ်အပြင် အခြားအလုပ်များကိုပါ လုပ်ကိုင်ကြရသည်။ အလုပ်တစ်ခုမက လုပ်ကိုင်နေသည့် ဦးရေသည် ယခုနှစ် မေလတွင် ၆၂၉,၆၁၀ ဦး ရှိသည်ဟု Statistics Korea မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ ကပ်ရောဂါ မလာခင်ကာလ ၂၀၂၀ ဇန်နဝါရီလထက် ၆၅% ပိုများပါသည်။ 

“အစားအသောက်တွေ ဈေးတက်နေလို့ ဈေးသွားရတာ ကြောက်စရာပဲ”ဟု Kim Jung-sook က ညည်းသည်။ ဆိုးလ်မြို့တော်တွင် ပစ္စည်းများ အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်သည့် ထရပ်ကား မောင်းနှင်သော ခင်ပွန်းသည်၏ ဝင်ငွေအပြင် ဝင်ငွေ အနည်းငယ် ရရှိအောင် သူမသည်  အချိန်ပိုင်း အလုပ်တစ်ခုကို လုပ်ကိုင်ခြင်းဖြင့် အိမ်စရိတ်ကာမိဖို့ ကြိုးပမ်းနေရသည်။ 
Source SCMP
#MyanmarIndustriesGuide
To join Telegram Channel  https://t.me/Guid4U

Banking & Loan Read 467 times