Korea Gas နှင့် GAIL တို့မှ နော်ဝေအချုပ်အခြာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်း


30 April, 2023

Korea Gas နှင့် GAIL တို့မှ နော်ဝေအချုပ်အခြာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နော်ဝေနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ဓနရန်ပုံငွေသည် တောင်ကိုရီးယား နိုင်ငံပိုင်လုပ်ငန်း Korea Gas ၊ အိန္ဒိယ ဓာတ်ငွေ့လုပ်ငန်း GAIL (India) Ltd တို့ကို မြန်မာနိုင်ငံနှင့် ချိတ်ဆက်မှုကြောင့် ရင်းနှီးမြှုပ်နှံသည့် စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း Norges Bank မှ ကြေညာသည်။

Government Pension Fund Global ဟု ယခင်က ခေါ်တွင်သော နော်ဝေအချုပ်အခြာရန်ပုံငွေကို အနာဂတ်မျိုးဆက်များအတွက် ရေနံဝင်ငွေကို စုဆောင်းထားရန်အတွက် ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး  ကမ္ဘာတစ်လွှား စတော့အိပ်ချိန်းစာရင်းဝင်ရှယ်ယာအားလုံး၏ ၁.၅% ခန့်ကို ပိုင်ဆိုင်ထားသည်။ ရန်ပုံငွေ ကန်ဒေါ်လာ ၁.၄ ထရီလီယံရှိပြီး ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။
၎င်းရန်ပုံငွေမှတစ်ဆင့် Norges Bank က ကမ္ဘာတစ်လွှား ကုမ္ပဏီ ၉,၂၀၀ ကျော်တွင် အစုရှယမယာများ ပိုင်ဆိုင်သည်။

" ၎င်းကုမ္ပဏီများသည် စစ်ပွဲ သို့မဟုတ် ပဋိပက္ခအခြေအနေများတွင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်မှု ဖြစ်စေရန် ကျေးဇူးပြုနေကြည်မှာ လက်မခံနိုင်သော အရေးကိစ္စ" ဖြစ်နေသောကြောင့် ထုတ်ပယ်ကြောင်း၊ နောက်ခံမှာ မြန်မာနိုင်ငံရှိ တပ်မတော်နှင့် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုနှင့် ကုမ္ပဏီများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပြုနေကြောင်း Norges Bank Investment Management (NBIM) က ပြောကြားသည်။

၂၀၂၂ နှစ်ကုန်တွင် Norges Bank သည် GAIL ကန်ဒေါ်လာ ၇၀.၂ သန်းဖိုး (၀.၈၂%) အစုရှယ်ယာ ပိုင်ဆိုင်ထားပြီး KOGAS တွင် ကန်ဒေါ်လာ ၅.၅ သန်းဖိုး (၀.၂၁%) အစုရှယ်ယာ ပိုင်ဆိုင်ထားပါသည်။

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 204 times