ကိုရီးယား နိုင်ငံခြားအရန်ငွေ ၃လဆက်တိုက် ကျဆင်း


04 November, 2022

ကိုရီးယား နိုင်ငံခြားအရန်ငွေ ၃လဆက်တိုက် ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားအရန်ငွေသည် အောက်တိုဘာလတွင် ၃လဆက်တိုက် ကျဆင်းခဲ့သည်။ နိုင်ငံခြားအရန်ငွေ လက်ကျန်ပမာဏသည် $2.8 ဘီလီယံ လျော့ကျခဲ့ပြီး $414 ဘီလီယံ ကျန်ရှိသည်။

တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏသည် ယခင်က ကမ္ဘာ့အဌမအများဆုံး ဖြစ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့နဝမအများဆုံး ဖြစ်သည်။
 
ကမ္ဘာတဝှမ်းရှိ ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွမှုကို ထိန်းညှိရန် အတိုးနှုန်းများ မြှင့်တင်ကြသဖြင့် ယခုနှစ်တွင် ဝမ်ငွေသည် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ကျဆင်းနေပါသည်။
ဝမ်သည် ယခုနှစ်တွင် ၁၉ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားသည်။ 
ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ၂၀၀၉ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်  1,440 ကို ကျော်သွားခဲ့သည်။
နိုဝင်ဘာလ ၃ ရက် အပိတ်ဈေး ကန်ဒေါ်လာနှင့် ငွေလဲနှုန်း1,417.40 ဖြစ်ပါသည်။

 Source koreajoongangdaily
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 256 times