ကိုရီးယား ခရက်ဒစ်ကတ်ကုမ္ပဏီများ အရှေ့တောင်အာရှတွင် မော်တော်ယာဉ် ချေးငွေများမှ ကြီးမားသော အကျိုးအမြတ်


18 June, 2023

ကိုရီးယား ခရက်ဒစ်ကတ်ကုမ္ပဏီများ အရှေ့တောင်အာရှတွင် မော်တော်ယာဉ် ချေးငွေများမှ ကြီးမားသော အကျိုးအမြတ်များ ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကိုရီးယား အကြွေးဝယ်ကတ်ကုမ္ပဏီများသည် အရှေ့တောင်အာရှတွင် အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။
.
KB Card သည် ကမ္ဘောဒီးယားတွင် လွန်ခဲ့သည့် လေးနှစ်ခန့်က စတင်၍ ပြည်တွင်း ကားအရစ်ကျ ပေးချေစနစ် စျေးကွက်သို့ ဝင်ရောက်ခဲ့ပြီး ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။
သို့ တက်လာခဲ့သည်။
.
Shinhan Card သည် ဗီယက်နမ်နှင့် အခြားနိုင်ငံများတွင် ၎င်း၏ အရစ်ကျပေးချေစနစ် လုပ်ငန်းကဏ္ဍထံမှ ဝမ်ဘီလီယံပေါင်းများစွာ ၀င်ငွေရရှိနေသည်။
.
အရှေ့တောင်အာရှနိုင်ငံများတွင် ဘဏ္ဍာရေးအခြေခံအဆောက်အအုံ လုံလောက်စွာ မဖွံ့ဖြိုးသေးသောကြောင့် ကိုရီးယားအကြွေးဝယ်ကတ်ကုမ္ပဏီများအတွက် အလားအလာကောင်းသည့် စျေးကွက်သစ်များ ဖြစ်နေစေသည်။
.
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကိုရီးယားအကြွေးဝယ်ကတ် ကုမ္ပဏီခုနစ်ခုဖြစ်သည့်
• Shinhan Card၊ 
• KB Kookmin Card၊ 
• Hyundai Card၊ 
• Lotte Card၊ 
• BC Card၊ 
• Woori Card နှင့် 
• Hana Card တို့သည် 
နိုင်ငံ ၉ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည်ဟု ဘဏ္ဍာရေးဝန်ဆောင်မှုကော်မရှင်က ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။  
၎င်း ၉ နိုင်ငံမှာ
• တရုတ်၊ 
• ဗီယက်နမ်၊ 
• အင်ဒိုနီးရှား၊ 
• ကာဇက်စတန်၊ 
• မြန်မာ၊ 
• ဂျပန်၊ 
• ကမ္ဘောဒီးယား၊ 
• လာအိုနှင့် 
• ထိုင်းတို့ ဖြစ်ပါသည်။
.
အချို့ကိုရီးယား အကြွေးဝယ်ကတ်ကုမ္ပဏီများသည် ပြည်ပဈေးကွက်များတွင် တည်ရှိပြီးသား ပြည်တွင်းလုပ်ငန်းများမှတစ်ဆင့် ခြေလှမ်းများ လှမ်းကြသည်။
.
နိုင်ငံရပ်ခြားတွင် လုပ်ကိုင်လျက်ရှိသည့် ကိုရီးယားဘအကြွေးဝယ်ကတ် ကုမ္ပဏီများတွင် ၅ ခုသည် ပြည်တွင်းလုပ်ငန်းခွဲ ထူထောင်ထားကြသည်။ ၎င်းတို့မှာ 
• Shinhan Card၊ 
• KB Kookmin Card၊ 
• Lotte Card၊ BC Card နှင့်
• Woori Card 
• တို့ဖြစ်ပါသည်။

.
Shinhan Card

Shinhan Card သည် ၂၀၁၄ ခုနှစ်တွင် ကာဇက်စတန်သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှား၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်သို့ ဝင်ရောက်ခဲ့သည်။
Shinhan Finance Kazakhstan သည် Shinhan Card ၏ ပထမဆုံး ပင်လယ်ရပ်ခြား လုပ်ငန်းခွဲ ဖြစ်သည်။ မော်တော်ယာဉ် အရစ်ကျ ချေးငွေနှင့် အကြွေးချေးငွေဝန်ဆောင်မှုများ လုပ်ကိုင်သည်။
ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီများ၊ မော်တော်ယာဉ် အရောင်းကုမ္ပဏီများတို့နှင့် ပူးပေါင်းခြင်းဖြင့် Shinhan Finance Kazakhstan သည် လွန်ခဲ့သည့် သုံးနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ၇၂ ရာခိုင်နှုန်းဖြင့် လျင်မြန်စွာ ကြီးထွားမှုကို ရရှိခဲ့သည်။ ၎င်းသည် ပြည်တွင်းလက်လီဘဏ်လုပ်ငန်း ၂၃၀ ကျော်တွင် ပမာဏနှင့် ပိုင်ဆိုင်မှု အရွယ်အစားသတ်မှတ်ချက်အရ ပဉ္စမအဆင့်တွင် ရောက်ရှိ‌ေနသည်။

KB Kookmin Card

KB Kookmin Card သည် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ သုံးနိုင်ငံတွင် ပြည်တွင်းလုပ်ငန်းခွဲများကို ဖွင့်လှစ်ထားသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် KB Kookmin Card သည် ၎င်း၏ ပထမဆုံး နိုင်ငံရပ်ခြားတိုးချဲ့မှုအဖြစ် ကမ္ဘောဒီးယားတွင် KB Daehan Specialized Bankကို စတင်ဖွင့်လှစ်ခဲ့သည်။
၄ နှစ်အကြာ ၂၀၂၁ ခုနှစ် မေလတွင် ကမ္ဘောဒီးယားမှာ ပိုင်ဆိုင်မှုအစုစုအရ အများဆုံး နံပါတ်(၁)ဖြစ်လာသည်။
 ၎င်းဘဏ်သည် အဓိကအားဖြင့်  အရစ်ကျပေးဆပ်သည့်မော်တော်ယာဉ် ချေးငွေ၊ အိမ်ခြံမြေ အပေါင်ခံချေးငွေတို့ကို ဝန်ဆောင်မှု ပေးသည်။ မော်တော်ယာဉ် အရစ်ကျချေးငွေကဏ္ဍတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။ 

BC Card

BC Card သည် တရုတ်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် လုပ်ကိုင်လျက်ရှိသည်။
၎င်းနိုင်ငံများမှ ဗဟိုဘဏ်အသီးသီးနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။ 
မော်တော်ယာဉ် အရစ်ကျချေးငွေနှင့် ငွေကြေးဝန်ဆောင်မှုပေးသည့်အပြင် အဓိကအားဖြင့် ခရစ်ဒစ်ကတ် ထုတ်ပေးသူအဖြစ် ရပ်တည်ပါသည်။ လောလောဆယ်တွင် အမြတ် မရရှိသေးပါ။

“အရှေ့တောင်အာရှနိုင်ငံတွေမှာ ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံက မတိုးတက်သေးတဲ့အတွက် ကိုရီးယားဘဏ္ဍာရေးကုမ္ပဏီတွေအတွက် ကိုရီးယားဘဏ္ဍာရေးအခြေခံအဆောက်အအုံဖြင့် ဝင်ရောက်နေရာယူဖို့ လွယ်ကူနေစေပါတယ်”ဟု KB Card မှ အရာရှိတစ်ဦးက ပြောကြားသည်။
Source businesskorea

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 362 times