ကိုရီးယား ကူးသန်းရောင်းဝယ်ရေးဘဏ် ၄ ခု  ပြည်ပဘဏ်ခွဲများ အသားတင်အမြတ် ၄၄% တိုး


25 August, 2023

ကိုရီးယား ကူးသန်းရောင်းဝယ်ရေးဘဏ် ၄ ခု  ပြည်ပဘဏ်ခွဲများ အသားတင်အမြတ် ၄၄% တိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တောင်ကိုရီးယားမှ အဓိက ကူးသန်းရောင်းဝယ်ရေး ဘဏ် ၄ ခု၏ ပြည်ပဘဏ်ခွဲများထံမှ အမြတ်များ ယခုနှစ် ပထမနှစ်ဝက်တွင် တိုးများလာခဲ့သည်။
အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ ဘဏ်ခွဲများထံမှ အမြတ်များ ရရှိခဲ့သည်။
၎င်းဘဏ် ၄ ခု ပြည်ပဘဏ်ခွဲများထံမှ ယခုနှစ် ပထမနှစ်ဝက်တွင် စုစုပေါင်း အသားတင်အမြတ် ဝမ် ၆၀၄.၅ ဘီလီယံ (ကန်ဒေါ်လာ ၄၅၀.၁၁ သန်း) ရရှိခဲ့ကြသည်။ 
ယမန်နှစ် ယခုနှစ် ပထမနှစ်ဝက်တွင် အသားတင်အမြတ် ဝမ် ၄၁၉.၈ ဘီလီယံ ရရှိခဲ့သဖြင့် ၄၄% မြင့်တက်ခဲ့သည်။ 

Kookmin Bank ၏ တရုတ်လုပ်ငန်းခွဲသည် ယမန်နှစ် ပထမနှစ်ဝက် ကိုဗစ်သုည မူဝါဒ တရုတ်ပြည်မှာ ကျင့်သုံးနေစဉ် ဝမ် ၉.၇ ဘီလီယံလိုငွေပြခဲ့သည်။ ကီုဗစ်ပိတ်ပင်မှုများ မရှိတော့သည့် ယခုနှစ် ပထမနှစ်ဝက်တွင် အမြတ်ပြန်ရခဲ့ရာအမြတ်ငွေ ဝမ် ၂၃.၁ ဘီလီယံ ရခဲ့သည်။

Shinhan Bank China Limited သည် ယခုနှစ် ပထမနှစ်ဝက်တွင် အမြတ်ငွေ ဝမ် ၃၀.၂ ဘီလီယံ ရရှိခဲ့သည်။

တောင်ကိုးရီးယား ဘဏ်များသည် အရှေ့တောင်အာရှ ဒေသတွင် ထဲထဲဝင်ဝင် လုပ်ကိုင်လျက်ရှိပြီး 
ကောင်းမွန်သော တိုးတက်မှုများ ရရှိခဲ့သည်။

• Kookmin ဘဏ်သည် ကမ္ဘောဒီးယား၊ မြန်မာနှင့် အင်ဒိုနီးရှားတို့တွင် လုပ်ငန်းခွဲများ ရှိသည်။  
• Shinhan ဘဏ်သည် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် လုပ်ငန်းခွဲများရှိသည်။
• Hana ဘဏ်သည် အင်ဒိုနီးရှားတွင် လုပ်ကိုင်နေသည်။
• Woori Bank သည် အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့တွင် လုပ်ငန်းခွဲများ ရှိသည်။

အရှေ့တောင်အာရှ ဒေသတွင် အဓိက တောင်ကိုရီးယား ကူးသန်းရောင်းဝယ်ရေးဘဏ် ၄ ခုမှ ရရှိသည့် အသားတင်အမြတ်သည် ယမန်နှစ် ပထမနှစ်ဝက်တွင် ဝမ် ၂၅၄.၃ ဘီလီယံမှ ယခုနှစ် ပထမနှစ်ဝက်တွင် ဝမ် ၃၃၁.၇ ဘီလီယံအထိ ၃၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။

Source businesskorea
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 443 times