ကုန်အမှတ်တံဆိပ်ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ပတ်သက်တဲ့ Knowledge Sharing Workshop


20 February, 2019

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနဲ့ Biz Law Consult Myanmar Co.,Ltd တို့ ပူးပေါင်းပြီး ကုန်အမှတ်တံဆိပ်ဥပဒေမှာ ပါရှိတဲ့ ပြဌာန်းချက်တွေနဲ့ ပတ်သက်ပြီး အသိပညာပေးဆွေးနွေးပွဲ ( Knowledge Sharing Workshop ) တွေကို ဆက်လက်ကျင်းပ ပြုလုပ်သွားတော့မှာပါ။

ဒီဆွေးနွေးပွဲတွေကို မန္တလေး၊ မုံရွာနဲ့ မကွေးမြို့တွေမှာ မကြာသေးခင်ကပဲ ပြုလုပ် ပြီးစီးခဲ့တာ ဖြစ်ပြီး ပုသိမ်မြို့မှာ မတ်လ ၃ ရက်နေ့နဲ့ ရန်ကုန်မှာ မတ်လ ၉ ရက်နေ့တွင် ဆက်လက်ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။  SME လုပ်ငန်းရှင်များအနေနဲ့ အဆိုပါ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ပတ်သတ်ပြီး ပိုမို သဘောပေါက်နားလည်လာပြီး မိမိတို့ရဲ့ လုပ်ငန်းနဲ့ ပတ်သက်သည်များကို ကြိုတင် ပြင်ဆင် ဆောင်ရွက်နိုင်စေဖို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။

ကုန်အမှတ်တံဆိပ်ဥပဒေမှာ ပါရှိတဲ့ ပြဌာန်းချက်တွေနဲ့ ပတ်သက်တဲ့ ဒီအသိပညာပေးဆွေးနွေးပွဲကို မည်သူမဆို အခမဲ့ တက်ရောက် လေ့လာနိုင်ပြီး ကြိုတင် အမည်စာရင်း ပေးသွင်းဖို့တော့ လိုအပ်ပါတယ်။

မကွေးမြို့က ဆွေးနွေးပွဲကို တက်ရောက်လိုသူတွေအနေနဲ့ ...

ဒေါ်မြင့်မြင့်သိန်း၊ ဖုန်းနံပါတ် ၀၉-၅၃၄၁၈၄၀

ပုသိမ်မြို့က ဆွေးနွေးပွဲကို တက်ရောက်လိုသူတွေအနေနဲ့ ...

ဒေါ်ခင်ခင်ဆွေ၊ ဖုန်းနံပါတ် ၀၉-၅၁၄၈၆၈၈

ရန်ကုန်မြို့က ဆွေးနွေးပွဲကို တက်ရောက်လိုသူတွေအနေနဲ့ ...

ဦးတင်ကိုကိုဆွေ၊ ဖုန်းနံပါတ် ၀၉-၅၀၇၀၈၆၆ ၊ ၀၁-၅၅၁၉၇၃ တို့ကို ဆက်သွယ် မေးမြန်း စုံစမ်းလို့ ရပါတယ်။

ကုန်အမှတ်တံဆိပ် ဥပဒေကို ဇန်နဝါရီ ၃၁ ရက်နေ့က  ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ကုန်အမှတ်တံဆိပ်ဆိုတာ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ရာမှာ လုပ်ငန်းတစ်ခုရဲ့ ကုန်ပစ္စည်းတွေကို အခြားလုပ်ငန်းတွေရဲ့ ကုန်ပစ္စည်းနဲ့ ခွဲခြား သိရှိစေနိုင်သော အမှတ်တံဆိပ် တစ်ခုခုကို ဆိုလိုခြင်း ဖြစ်ပါတယ်။

SME Development Department (MOI)

Laws and Regulations Events & Exhibition Tips Read 375 times