ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ဂျပန် ကီရင်ကုမ္ပဏီ တရားရင်ဆိုင်မှု အနိုင်ရ


27 January, 2022

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ဂျပန် ကီရင်ကုမ္ပဏီ တရားရင်ဆိုင်မှု အနိုင်ရ


 မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် နဲ့ ဂျပန်ယမကာကုမ္ပဏီဖြစ်တဲ့ ကီရင်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ မြန်မာဘီယာလုပ်ငန်း Myanmar Brewery Ltd ကို ဖျက်သိမ်းဖို့  မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က တရားရုံးမှာ လျှောက်ထားခဲ့တာကို ပယ်ဖျက်ဖို့အတွက် တရားရုံးမှာ ယှဉ်ပြိုင်လျှောက်ထားမှုမှာ အနိုင်ရခဲ့တယ်လို့ Kirin Holdings ကကြေညာခဲ့ပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ၂၀၂၁ နိုဝင်ဘာမှာ  မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(Myanmar Economic Holdings Public Company Ltd.)က Myanmar Brewery Ltd ကို ဖျက်သိမ်းဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ 


ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ချမှတ်လိုက်တဲ့အမိန့်ဟာ ကီရင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ Myanmar Brewery Ltd, ရဲ့ လုပ်ငန်းတွေအပေါ်မှာ ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ ကုမ္ပဏီရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကီရင်ကုမ္ပဏီက  မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် နဲ့ ဖက်စပ် မလုပ်ကိုင်တော့ပေမဲ့လည်း  ​မြန်မာဈေးကွက်ထဲမှာ ဆက်ရှိနေဖို့ မျှော်လင့်တဲ့အကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြောထားပါတယ်။
japantimes.co.jp

Local News Investment/Divestment Read 717 times