Kirin က ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းလိုက်ခြင်းအား နိုင်ငံတကာ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရန် ကြိုးပမ်း


06 December, 2021

Kirin Holdings ကုမ္ပဏီသည် Myanma Economic Holdings Public Company Limited (MEHPCL) က ၎င်းနှင့် လုပ်ကိုင်လျက် ရှိသည့် ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ စင်ကာပူ နိုင်ငံတကာ ခုံသမာဓိရုံးတော် Singapore International Arbitration Center တွင် နိုင်ငံတကာ ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရန် ကြိုးပမ်းနေသည်ဟု ကုမ္ပဏီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

"ဖက်စပ်ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲရန် ကျွန်ုပ်တို့၏ ခိုင်မာသောကတိကဝတ်နှင့်အညီ Kirin Holdings သည် လုပ်ငန်းစဉ် တရားမျှတကြောင်း သေချာစေရန်အတွက် ခုံသမာဓိရုံးတင်ရန် ဆုံးဖြတ်ခဲ့သည်" ဟု Kirin မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ပြီးခဲ့သည့်လက Kirin ၏ မိတ်ဖက်ဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီလီမိတက် (MEHPCL) သည် အဆိုပါ ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းရန်အတွက် မြန်မာနိုင်ငံ တရားရုံးတွင် လျှောက်ထားခဲ့ခြင်းသည် “တရားမျှတမှုမရှိသော အဆိုပြုချက်” ဟု  Kirin က ဆိုခဲ့သည်။ 
၎င်းတို့၏ စာချုပ်ပါစည်းကမ်းချက်များကို လျစ်လျူရှုကာ ပြည်တွင်းမြန်မာ့ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သည်ဟု  Kirin က ဆိုသည်။ 

japantimes.co.jp

Investment/Divestment Read 540 times